အပိုင်း(၃၀၀) နှစ်လိုဖွယ်စုံတွဲ
သည်ဘက်တွင်...
ဖူကျို့သည် ဂိမ်းကစားနေဆဲဖြစ်ပြီး သူမသည် ချင်မော့ကို မကြာခဏ စစ်ဆေးနေလေသည်။
အစပိုင်းတွင် ကြီးမြတ်လှသည့်သခင်လေးချင်သည် ဖုန်းကို တခြားနေရာတွင် သွားပြောရသည့်အကြောင်းအရင်းကို နားမလည်ခဲ့ချေ။
ယခုမူ သူသည် သူမကို သူပြောနေသည့်စကားများကို မကြားစေချင်သည်ကို သိလိုက်ရသည်။
ဟင်း....
သို့သော် သူမသည် နားပါးသူဖြစ်သဖြင့် တချို့အရာများကို ကြားလိုက်ရသေးသည်။
အလှမယ်လေး အန်း တဲ့လား။
ဒီလိုအခေါ်အဝေါ်မျိုးက ကြီးမြတ်လှတဲ့သခင်လေးချင်က တစ်စုံတစ်ယောက်ကို ပုံမှန်အတိုင်း ခေါ်တဲ့ပုံမျိုးတော့ မဟုတ်လေဘူး။
သူ အခု ဖုန်းပြောနေတဲ့ပုံကလဲ ကြီးမြတ်လှတဲ့သခင်လေးချင်ရဲ့မျက်လုံးတွေက ထူးထူးခြား ပြောင်းလဲသွားတာလဲမရှိဘူး။
သူ့မျက်လုံးတွေထဲမှာ နူးညံ့မှုတွေ မသိမသာဖြစ်နေတာကပဲ ထူးဆန်းနေသလိုလို။
သူ့ရည်းစားများလား။
ဖူကျို့သည် သူမ၏ခေါင်းကို ငဲ့ပြီး စဥ်းစားနေလေသည်။
သူမ သတိပြန်ဝင်လာသောအခါ သူမ၏ရှေ့တွင် အခွံခွာပြီးသား တုတ်ထိုးချိုချဥ်ကို မြင်လိုက်ရသည်။ ထို့အပြင် ချောကလက်အရသာဖြစ်နေသည်။
ကြီးမြတ်လှသည့်သခင်လေးချင်၏လှည့်ကွက်သည် သူမကို မကြာခဏ ချိုချဥ်ကျွေးခြင်းဖြစ်လေသည်....
မည်သို့ဆိုစေ ဖူကျို့သည် ထိုကိစ္စမှာ အမြတ်ထုတ်ရပေလိမ့်မည်။ သူမသည် ဘေးကို ကြည့်လိုက်ပြီး ချိုချုဥ်ကို သူမပါးစပ်ထဲထည့်ရန်ပြင်လိုက်သည်။
သို့သော် ကြီးမြတ်လှသည့်သခင်လေးချင်သည် ရုတ်တရက် သူမ၏မေးစေ့ကို ပင့်လိုက်လေသည်။
ဖူကျို့ မျက်မှောင်ကျုံ့သွား၏။ သူမသည် သူ့ကို ရှောင်ချင်ပါသော်လည်း သူ့အကြည့်အောက်တွင် အချိန်ကြာကြာ ပိတ်မိနေလေသည်။
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်