အပိုင်း (၃၁၁) ချင်မော့က ချိုမြမြနှုတ်ခမ်းတွေကို ကြွေသွားတယ်
ဖူကျို့သည် ချင်မော့ဘက်တွင် ဘာတွေဖြစ်နေသည်ကို မသိချေ။
သို့သော် သူမ လှမ်းကြည့်လိုက်သောအခါ...မီးရောင်မှိန်မှိန်အောက်က ကြီးမြတ်လှသည့် သခင်လေးချင်ကို တွေ့လိုက်ပြီး သူ့လှပသောနှုတ်ခမ်းလေးများသည် မသိမသာ မြင့်တက်နေသောကြောင့် ရယ်စရာတစ်ခုခုကို ကြားလိုက်ရ၍လားဟု စဥ်းစားနေမိသည်။ သူ့မျက်လုံးများထဲမှ အအေးဓာတ်သည် ပို၍သိသိသာသာ အေးစက်လာနေတော့သည်။
ချင်မော့သည် သူ့ခေါင်းကိုလှည့်လိုက်ပြီး သူ့အေးစက်စက်မျက်လုံးများသည် သူနှင့် လက်မအနည်းငယ်အကွာမှ မိန်းမကို ကျော်သွားလိုက်သည်။
ထိုမိန်းမသည် လူအများစု၏မျက်လုံးထဲတွင်တော့ အလွန်ဆွဲဆောင်မှုရှိသည်ကို သူ သိလိုက်သည်။
သူ့အတွက်မူ သူမသည် ဘာမှမဟုတ်ပေ။
သူမသည် သူ့ညီလေး၏ သုံးပုံတစ်ပုံလောက်ပင် ယှဥ်လို့မရချေ။
ပိုဆိုးသည်က သူမသည် စက်ဆုတ်ဖွယ်ခံစားရအောင် လုပ်နေခြင်းဖြစ်သည်။
ချင်မော့သည် သန့်သန့်ရှင်းရှင်း ဖြူဖြူစင်စင် ပုံစံကို ကြိုက်သူဖြစ်ပြီး နှုတ်ခမ်းနီဆိုးထားသည့် မိန်းမတစ်ယောက်ကိုမြင်တိုင်း သူသည် ကောင်လေးနှင့် ယှဥ်ကြည့်တတ်သည်။
နှစ်ယောက်ကို နှိုင်းယှဥ်ပြီးလျှင် သူ့မျက်ခုံးများသည် အမြဲလိုလို တွန့်ချိုးသွားတတ်သည်။
“ အဲဒါကိုဖျက်လိုက်”
ထိုမိန်းမသည် ဆွံ့အသွားလေသည်။
“ ဘာလဲ”
သူတကယ်ပဲ သူမပြောလိုက်တဲ့စကားကို သူမတကယ် မကြားလိုက်တာလား။
“မင်း ပါးစပ်ပေါ်က ရှိတဲ့ဟာကို ဖျက်လိုက်၊ ဒီလိုဆိုရင် ငါ မင်းနဲ့ အတူတူ ညကိုအချိန်ဖြုန်းပေးချင် ဖြုန်းပေးနိုင်တယ်”
ချင်မော့သည် အေးစက်စွာပြောလိုက်သည်။
သူသည် တကယ်ရည်ရွယ်သည်မဟုတ်ပေ။
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romantikbook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်