အပိုင်း (၃၀၈) ဂျပန်မိန်းကလေးအချို့နှင့် ပါတီပွဲ
ချင်မော့၏ကိုယ်နေဟန်မှာ မပြောင်းလဲချေ။ သူသည် ခေါင်းကိုစောင်းထားသော်လည်း ထိုအမျိုးသမီးကို ကြည့်မနေချေ။ သူသည် အေးစက်စွာအော်ရယ်လိုက်ပြီးနောက် တစ်စုံတစ်ခုကို ပြောမည်ဟန်ပြင်လိုက်စဥ် အခန်းတံခါး ဝုန်းခနဲ ပွင့်လာသည့်အသံကို ကြားလိုက်ရသည်။
ဖူကျို့သည် သူမကိုယ်သူမ သန့်ရှင်းရေးလုပ်ပြီးနောက် အခန်းအပြင်သို့ ထွက်လာသည်။ ထို့နောက် သူမသည် ကြီးမြတ်လှသည့်သခင်လေးက ခန္ဓာကိုယ်အမိုက်စားနှင့် အီစီကလီမျက်လုံးပိုင်ရှင် ဖက်ရှင်ကျသည့် မိန်းမလှေလေးနှင့်အတူ နံရံကို မှီကာ ရပ်နေသည်ကို တွေ့လိုက်ရသည်။
ဖူကျို့သည် တစ်စက္ကန့်လောက် အေးခဲသွားတော့သည်။ ဘာဖြစ်နေတာလဲ။
သူမက သူနဲ့ဖုန်းထဲမှာစကားပြောတဲ့ ရည်းစားလား။
မဟုတ်သေးဘူး ၊ သိပ်မဟုတ်ဘူး။
သူမသိသလောက်ဆိုရင် ကြီးမြတ်လှတဲ့သခင်လေးက ဆွဲဆောင်မှုရှိပြီး အမိုက်စားပုံစံဝတ်စားတတ်တဲ့ မိန်းကလေးတွေကို မကြိုက်ဘူး။
ဒါပေမဲ့ သူကလဲ ယောက်ျားဖြစ်နေသေးတော့ ယောကျ်ားတွေက မိန်းမတွေရဲ့ ရုပ်ရည်ကိုအခြေခံပြီး ဆုံးဖြတ်ရတာကြိုက်တယ်လေ။
ဒါပေမဲ့ ဖူကျို့မှာတော့ အခြေအကျဆုံး ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသေးတယ်။
ဥပမာ အဲဒီမိန်းမက မူးနေအောင် သောက်ထားပြီးတော့ ရင်ခုန်လှုပ်ရှားနေတယ်ဆိုရင် သူမရဲ့ရည်ရွယ်ချက်ကို သူမရဲ့မျက်လုံးကနေ ရှင်းရှင်းလင်းလင်းသိနိုင်တယ်လေ။ သူမက ကြီးမြတ်လှတဲ့သခင်လေးကို ဒီလိုမေးလိုက်တာနဲ့တူတူပဲ။ “လုပ်ချင်လား” လို့လေ။
ဖူကျို့သည် အထက်တန်းကျောင်းသားအရွယ် ဖြစ်သော်လည်း သူမ၏အမှန်တကယ်အရွယ်မှာ ထိုလောက်မငယ်ချေ။
ထိုကြောင့် သူမသည် သည်လိုကိစ္စမျိုးကို လှည့်ပတ်၍မပြောလိုချေ။
တစ်ဖက်တွင် ကြီးမြတ်လှသည့် သခင်လေးသည် စဥ်းလဲသောအပြုံးတစ်ခုကို ဆောင်ထားသည်။ သူသည် လက်တစ်ဖက်ကို အိတ်ကပ်ထဲထည့်ထားပြီး မျက်ခုံးများကို ပင့်ထားလေသည်။
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်