အပိုင်း (၃၃၁) အဖွဲ့လိုက်ဓာတ်ပုံထဲမှာ အချိုတွေကျွေးမယ်
သူတို့နှစ်ယောက်လုံးသည် ရပ်နေကြရာ နှစ်ယောက်သား၏ အကွာအဝေးသည် ပိုကျဥ်းသွားတော့သည်။
ထို့အပြင် ချင်မော့သည် ဖူကျို့ကို ကော်လံမှနေ၍ ဤနေရာသို့ ဆွဲဆောင့်လိုက်သူ ဖြစ်လေသည်။
သူ့အားနှင့် သူတို့၏ကိုယ်အနေအထားကို ထိန်းထားကာ ချင်မော့သည် သူ့ခေါင်းကို ငုံ့လိုက်ပြီးနောက် ရှေ့သို့ညွှတ်လိုက်ရာ သူ့နှုတ်ခမ်းပါးများသည် ဖူကျို့၏နှုတ်ခမ်းများသို့ ချဥ်းကပ်သွားတော့သည်။
ထိုတိုကျိုမိန်းကလေးများ ပြောသကဲ့သို့ပင် သူတို့နှစ်ယောက်ကြားမှ အရပ်အမောင်းအကွာအဝေးသည် ပြီးပြည့်စုံလှသည်။ အကယ် သည်လူနှစ်ယောက်သည် အပြန်အလှန် နမ်းကြမည်ဆိုလျှင် ထွက်လာမည့်ပုံမှာ အလွန်လှပနေပေမည်။
သို့ရာတွင် ချင်မော့သည် စင်စစ်တွင် ဆင်ခြင်တုံတရားရှိဆဲဖြစ်ရာ သူသည် ဖူကျို့ကို နမ်းလိမ့်မည် မဟုတ်ပေ။
သူ၏မနာခံတတ်သည့်ညီလေးကို သတိပေးရုံသာဖြစ်လေသည်။
“မင်းက စကားပြောရတာ တော်တော်ကြိုက်တာပဲ၊ ဒါဆို ငါ့ကိုပြောပါအုံး မင်းကို ဘယ်လို ပညာပေးရမလဲ ဆိုတာကိုလေ ဟမ်”
“ အစ်ကိုမော့က အမှန်တိုင်းပြောတာကြားချင်တာလား၊ နင်လေးက အစ်ကိုကြီးလေ ဒီတော့ ငါလေးကို အလျှော့ပေးသင့်တာပေါ့”
ဖူကျို့သည် သူမ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုကို မသိမသာဆောင်ထားလိုက်ပြီး သူမ၏ ထွက်ပြေးမည့်ဗျူဟာကို ပြောင်းရန် ဆုံးဖြတ်လိုက်တော့သည်။
လူရှုပ်လေး၏ ရွှတ်နောက်နောက်လေသံကို နားထောင်လိုက်ပြီး ချင်မော့သည် ဒေါသထွက်ရမည့်အစား အော်ရယ်လိုက်လေသည်။
“ မင်းစားချင်တာစားဖို့ရယ် မင်းဖုန်းနဲ့ ကစားဖို့ရယ် Weiboပေါ်မှာ ပိုစ့်တင်ဖို့ရယ်ကို ခွင့်ပြုပေးရမယ်ပေါ့”
“နောက်ဆုံးတစ်ခုကတော့ ဒီလိုပါပဲ”
အမှန်တွင် ဖူကျို့သည် Weiboပေါ်တွင် ပို့စ်တင်တတ်သည့်အကျင့်မရှိချေ။
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်