အပိုင်း (၃၅၂) အချိန်ဆွဲပြီးရိုက်မယ်၊ တစ်သင်းလုံးကို ရှင်းပစ်မယ်

479 58 1
                                    

အပိုင်း (၃၅၂) အချိန်ဆွဲပြီးရိုက်မယ်၊ တစ်သင်းလုံးကို ရှင်းပစ်မယ်

သူသည် ရာမာဂူချီကို လုံးဝ အယုံအကြည်မရှိပေ။ ထိုအစား ဖျက်လိုဖျက်ဆီး အမိန့်များပေးပြီး ကိုယ့်ဟာကိုယ် အထင်ကြီးသည့်လုပ်ရပ်ကို လုပ်နေ၏။

အခြေအနေကို မသိသူများသည် သူတို့အသင်းတွင် ခေါင်းဆောင်နှစ်ယောက်ရှိသည်ဟု တွေးကြပေလိမ့်မည်။

ဒါသည် လူသစ်တစ်ယောက်က ဗိုလ်ကျစိုးမိုးခံနေရခြင်း၏ အားနည်းချက်ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ သူသည် အလွန်လူပါးဝပြီး ဆာကူရာအသင်းမန်နေဂျာကလည်း သူ့ကို ထိန်းသိမ်းရန် စိတ်ကူးမရှိပေ။

ကြီးမြတ်လှသည့်သခင်လေးသည် သူ့ပြိုင်ဘက်များ၏ ထိုလက္ခဏာများကို သိမြင်ပြီးဖြစ်ရာ သူသည် ဤနည်းဖြင့် တိုက်ခိုက်နိုင်ခဲ့လေသည်။

သို့သော် လူများကို ဆွပေးသည့် စကေးနှင့်ယှဥ်လျှင် ကြီးမြတ်လှသည့် သခင်လေး ပိုသာပြီး ရှူဂျိက အလွယ်တကူ ဒေါသထွက်တတ်သည်ကို သေချာသိလိုက်၏။ သို့သော်ငြား ကွင်းပြင်တိုက်ပွဲများတွင် မျှော်လင့်မထားမိလောက်အောင် ရှူဂျိသည် တော်လေရာ ကြီးမြတ်လှသည့်သခင်လေးသည် မြက်ခင်းထဲတွင်သာ ပြိုင်ဘက်ကို သတ်နိုင်ခဲ့သည်။

ရှူဂျိသည် သူ့အသိစိတ်အားလုံး ပျောက်သွားသည်ကို မြင်နိုင်လေသည်။

ချင်မော့ လှည့်ပြေးသွားသည်ကို မြင်လိုက်သည်နှင့် ချက်ချင်း သူသည် အမိန့်ပေးလိုက်၏။

“ သူ့နောက်လိုက်”

သို့သော် ထိုအချိန်တွင် တိမ်ကျားu သွေးပြန်ပြည့်နေသည်ကို သတိမထားမိကြချေ။

ညာဘက်လမ်းပေါ်ရှိ ရင်းဝူယောင်နှင့် လင်ဖုန်းတို့သည်လည်း အလယ်လမ်းကို မြန်မြန် ပြောင်းလာကြ၏။

ချက်ချင်းလိုပင် သူတို့သည် ရှေ့နောက် ဘယ်ညာ တစ်ဖက်စီမှနေ၍ စက်ဝိုင်ပုံစံ ဖွဲ့လိုက်ကြသည်။

သို့သော် တိမ်ကျားနှင့် ရွှယ်ယောင်ယောင်တို့သည် သူတို့လမ်းပေါ်တွင်ရောက်နေပြီး ဖြစ်၏။ တိမ်ကျား၏ကြောက်မက်ဖွယ်တိုက်ကွက်သည် ပြိုင်ဘက်များနှင့် တွေ့သွားတော့သည်။ သူသည် ရိုက်ချက်ကြီးတစ်ခုကို သုံးလိုက်ပြီး သူတို့ထဲမှ တစ်ယောက်သည် ချက်ချင်းလိုပင် သွေးတစ်ဝက်လျော့သွားတော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now