အပိုင်း(၂၇၁) သူဌေးက ဂေးဖြစ်သွားတော့မှာလား

671 64 3
                                    

အပိုင်း(၂၇၁) သူဌေးက ဂေးဖြစ်သွားတော့မှာလား

အခြားကစားသမားများသည် ထိုစကားကို ကြားလိုက်ပြီး အတွင်းရေးမှူးလျန်ကို လှည့်ကြည့်လိုက်ကြသည်။

အတွင်းရေးမှူးလျန်က ပြုံးလျက် သူ့ခေါင်းကို ခါပြလိုက်လေသည်။

“ ငါက သခင်လေးဖူနဲ့ အရင်ကတည်းက မရင်းနှီးပါဘူး ဒါကြောင့် ဒီကိစ္စကိုတော့ ငါ တကယ် မရှင်းဘူး”

ကစားသမားများသည် စိတ်ပျက်သွားပြီး တခြားအရာများကို ကြည့်လိုက်တော့သည်။

အတွင်းရေးမှူးလျန်က ဖူကျို့၏ အတိတ်က ‘ ဂုဏ်အရောင်အဝါ’ အကြောင်းကို မပြောလိုခြင်းသာ ဖြစ်သည်။

ထို့အပြင် သည်စွန့်ပစ်ခံထားရသော သခင်လေးဖူးသည် နိုက်ကလပ်သို့သွားရသည်ကို အလွန်ကြိုက်ကြောင်းသာ သူ သိသည်။

သူ့လိုလူမျိုးက ဒီလိုရည်ရွယ်ချက်ကြီးကြီးနဲ့ ဒီနေရာမှာ လာပျော်နေလိမ့်မယ်လို့ သူ ဘယ်ထင်မိမှာလဲ .... လက်အမြန်နှုန်း လေ့ကျင့်တာတဲ့လား။

အကြောင်းအရင်းကို သူသေချာမသိသော်လည်း ဖူကျို့သည် တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး သူ့ကို ရည်ရွယ်ချက်ရှိရှိနှင့် သည်စကားပြောလိုက်သည်ဟု အတွင်းရေးမှူးလျန် ယုံကြည်နေသည်။

တစ်ဖန် သေချာစဥ်းစားလိုက်ပြီးနောက် သူ့ကိုယ်သူ သံသယဖြစ်သွားတော့သည်။

အထက်တန်းကျောင်းကလေးတစ်ယောက်က ဒီလို အသေးစိတ်ကျကျ လေ့လာထားတာ မဖြစ်သင့်ဘူးလေ ၊ ဟုတ်တယ်မလား။

ကောက်ကျစ်သောအပြုံးတစ်ခုသည် ဖူကျို့၏နှုတ်ခမ်းထောင့်တွင် ပေါ်လာ၏။ သူမသည် အတွင်းရေးမှူးလျန်ကို ကျော်သွားပြီး အော်ရယ်လိုက်လေသည်။

‘ အတွင်းရေးမှူးလျန် ရိုးသားကြရအောင်ပါ၊ ငါလေးက အစ်ကိုမော့ကို ဂေးဖြစ်သွားအောင်လုပ်မှာကို နင်စိုးရိမ်နေတာလေ ဟုတ်တယ်ဟုတ်”

သူမ၏အသံမှာ အလွန်တိုးရာ သည်လိုဆူညံနေသည့်နေရာမျိုးတွင် ဘယ်သူမှ သူမပြောစကားကို ကြားလိမ့်မည် မဟုတ်ချေ။

ဂိမ်းစက်အသီးသီးဆီကို အာရုံရောက်နေကြသော ကစားသမားများကို ထည့်ပြောစရာပင် မလိုချေ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Onde as histórias ganham vida. Descobre agora