အပိုင်း (၂၃၇) မင်းရဲ့ပါး ကျိန်းစပ်နေပြီမလား

876 108 0
                                    

အပိုင်း (၂၃၇) မင်းရဲ့ပါး ကျိန်းစပ်နေပြီမလား

ထိုစကားကို ကြားလိုက်သည်နှင့် သူဌေးလီသည် သူ၏ဆဲလ်ဖုန်းကို ထုတ်လိုက်လေသည်။

ဖူကျုံးရီလည်း အနားကပ်ကာ ကြည့်လိုက်သည်။

အင်တာနက်တစ်ခုလုံးသည် ဖူကျို့အကြောင်းနှင့် ပြည့်နေလေသည်။

ကောင်လေးသည် လက်တစ်ဖက်ကို အိတ်ကပ်ထဲထည့်ထားသည်။ သူမသည် Supremeအသင်း၏ အသင်းသားများ ကြားတွင်ရပ်နေစဥ် သူတို့၏ခိုင်မာသော ဖြစ်တည်မှုသည် သူမကို လွှမ်းမိုးသွားခြင်း လုံးဝမရှိချေ။ ဆန့်ကျင်ဖက်အနေဖြင့် ပါးစပ်ထဲတွင် တုတ်ထိုးချိုချဥ်ငုံထားပုံမှာ သူမတူသောမြင်ကွင်းတခုကို ဖန်တီးနေလေသည်။

“ကျော်ကြားမှုနဲ့အထိုက်တန်ဆုံးသူ”

“ FC (first cleared)လက်နက်နဲ့ အချောမောဆုံးသောမျက်နှာ”

“ Spade Z”

ထိုအရာများအားလုံးသည် ချင်ကော်ပိုရေးရှင်းမှ ဖူကျို့ကို လူထုကြားတွင် ပေးထားသော နာမည်ပြောင်များ ဖြစ်လေသည်။

ခေါင်းစဥ်တိုင်းသည်သည် ဖူကျုံးရီ၏မျက်နှာကို ရက်ရက်စက်စက် ရိုက်နေသယောင်ဖြစ်နေတော့သည်။

အင်တာနက်ပေါ်တွင် ဖူကျို့ ချန်ပီယံဖြစ်လာသည့် အကြောင်းသာမက ဖူမိသားစုအသင်း နှင်ထုတ်ခံလိုက်ရသည် ဓာတ်ပုံများပါ ယှဥ်တွဲဖော်ပြထားလေသည်။

အနက်ရောင်ထင်းထင်းနှင့် ရိုက်နှိပ်ထားသောစာလည်း ပါရှိလေသည်____

“ အွန်လိုင်းဂိမ်းပြိုင်ပွဲမှာ အတုအယောင်လုပ်တဲ့သူတွေကို ငါတို့မလိုလားဘူး”

စုမေလည်း ထိုပုံကိုမြင်လိုက်ပြီးနောက်တွင် သူ့သားသည် သူ့မျက်နှာကိုလက်ဖြင့် ကြိုးစားဖုံးကွယ်နေသည့် မြင်ကွင်းသည် သူမကို အံကြိတ်တင်းတင်းကျိတ်သွားစေတော့သည်။

ဒါဘယ်လိုဖြစ်သွားတာလဲ

ဘယ်လိုများဒီလိုကိစ္စတွေဖြစ်လာရတာလဲ

သူမသည် Spade Z ID ကို ခိုးယူရန် ထိုဟက်ကာကို ငွေတန်ပေါင်းများစွာပေး၍ငှားခဲ့ရသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now