အပိုင်း (၃၃၅) ဂွတ်နိုက်

436 42 0
                                    

အပိုင်း (၃၃၅) ဂွတ်နိုက်

ချင်မော့ဖန်၏ ထိုမှတ်ချက်ကြောင့် တခြားလူများသည် ရုတ်တရက် သဘောပေါက်သွားကြတော့သည်။ အမှန်ပင်။ သူ တင်ထဲ့သည် အကြောင်းအရာသည် ဂိမ်းဗျူဟာများအကြောင်းမှလွဲလျှင် ကြီးမြတ်လှသည့်သခင်လေး၏ Weiboပေါ်က ကျန်ပိုစ့်များသည် Spadeကြီးအကြောင်း သာ ဖြစ်လေသည်။

ဟုတ်တယ်။ အားလုံးက Spade ကြီးအကြောင်းတွေ ချည်းပဲ။

ပြီးတော့ ဒါက အရင်ကတည်းက ဒီလိုသာဆိုရင်... ဓာတ်ပုံတွေပဲ တင်မှာလား။ ဟိဟိ ကြီးမြတ်လှတဲ့သခင်လေးက ဂိမ်းကစားနေတုန်း သူ့မျက်နှာလှလှလေးကို အနက်ရောင်မက်စ်ကိုတောင် ကြည်ကြည်ဖြူဖြူ ဝတ်လိုက်မှာပဲ။

မီဒီယာတွေက သူ့ဓာတ်ပုံတွေကိုတောင် ရိုက်ရဲကြတာမဟုတ်ဘူး။

ဒါပေမဲ့ အခုတော့ ဘယ်လိုဖြစ်နေလဲ ကြည့်ပါအုံး။

ကြီးမြတ်လှတဲ့သခင်လေးက ဘာလို့ ဒီဓာတ်ပုံကို တင်လိုက်တာတဲ့လဲ။

ပြီးတော့ သူက တခြားလူတွေရဲ့ ပါးစပ်ကိုပိတ်ဖို့ ပြောလိုက်တဲ့စကားလုံးတွေကလည်း ရန်လိုနေလိုက်တာဟယ်။

သူ့အကျင့်နဲ့ဆိုရင် သောက်ကျိုးနည်း သူဘာပြောချင်လဲဆိုတာကို အားလုံးက နားလည်ပြီးနေလောက်ပြီ။

ပြီးခဲ့တဲ့အခေါက်တုန်းက ကြီးမြတ်လှတဲ့သခင်လေးက Spadeကြီးကို ကွယ်မယ်လို့ပြောခဲ့တာ ဒီအတိုင်း စကားအဖြစ်ပြောတာ မဟုတ်ဘူးပေါ့။

လူအများစုသည် “တစ်စုံတစ်ယောက်” တင်ခဲ့သည့်ပိုစ့်ကို စာပြန်ရန်စဥ်းစားရင်း ဖြစ်ပျက်နေသည့် အခြေအနေကို နားလည်သွားတော့သည်။

“ ကြီးမြတ်လှတဲ့သခင်လေးက Spade ကြီးဘက်က ရပ်တည်ပေးခဲ့တာပဲ”

“ သူရပ်တည်ပေးတဲ့နည်းကိုတော့ ကြိုက်သွားပြီဟေ့၊ နောက်လည်း ကြီးမြတ်လှတဲ့သခင်လေးက သူ့အတွက် အမြဲတမ်းရပ်တည်သွားနိုင်ပါစေ”

“ကြီးမြတ်လှတဲ့သခင်လေးနဲ့ Spadeကြီးက စခရင်တစ်ခုထဲမှာဟဲ့ ၊ စခရင်တစ်ခုထဲမှာ....”

အစ်မလိပ်ကလေးသည် ထိုပုံကို မြင်လိုက်ချိန်တွက် ချင်မော့၏Weibo ကို @Fujiu ဟုတွဲကာ ချက်ချင်း မဆိုင်းမတွဘဲ ရှယ်လိုက်လေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now