အပိုင်း (၃၅၃) အကောင်းဆုံး ကစားသမား

356 42 0
                                    

အပိုင်း (၃၅၃) အကောင်းဆုံး ကစားသမား

ရှူဂျိသည် သူ့ကိုယ်သူ သွေးအလိမ်းလိမ်းဖြင့် မြင်လိုက်ရချိန်၌ သူ့မျက်နှာသည် နီနေရာမှ ရုတ်တရက် ဖြူသွားတော့သည်။

တစ်ဖက်လူက သူ့ကို ဤနည်းဖြင့် သွေးနည်းနည်းချင်းစီး ချကာ သတ်ချင်ရသည့်အကြောင်းအရင်းကို နားမလည်နိုင်ဖြစ်သွားတော့သည်။

သို့သော် မန်နေဂျာဖုန်းသည် ကြီးမြတ်လှသည့် သခင်လေးအကြောင်း ကောင်ကောင်းသိလေရာ ခပ်ရေးရေး သိလိုက်လေသည်။ ကြီးမြတ်လှသည့် သခင်လေး၏ပုံစံအရဆိုလျှင် သူသည် တစ်ချက်မှလွဲ၍ လူများကို ညှဉ်းကာ မသ-တ်တတ်ပေ....

“ ရှူဂျိက သူဌေးချင်နဲ့ အရင် တွေ့ဖူးလား”

ဖုန်းရီက သူ့ညီလေးကို မေးလိုက်၏။

ဖုန်းရှန်သည် ထိုနေ့က လေ့ကျင့်ရေးကွင်းထဲက အကြောင်းအရာများကို ထစ်ထစ် အအ ဖြင့် ဒေါသထွက်နေသည့် မျက်နှာဖြင့် ပြောလိုက်၏။

ထိုအခြင်းအရာကို ကြားလိုက်ပြီးနောက် မန်နေဂျာဖုန်းသည် ချက်ချင်း နားလည်သွားပြီး အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်လေသည်။

“ သူဌေးချင်က လူတွေကို ကူပြီး လက်စားချေပေးနေတာပဲ”

“လက်စားချေတယ် ဟုတ်လား”

ဖုန်းရှန် နားမလည်ပေ။

“ဒါပေမဲ့ ၊ ဒါပေမဲ့ အဲနေ့က ကျွန်တော့်အိုင်ဒေါ နိုင်သွားတာပဲလေ”

ဖုန်းရီသည် သူ့ညီလေး၏ပခုံးကို ပုတ်လိုက်ပြီး

“ မင်းက အရမ်းငယ်ပါသေးတယ်ကွာ”

သူဌေးချင်က Spade Z  ရဲ့ မျက်လုံးပိုးဝင်တဲ့ကိစ္စကို ဂိမ်းထဲက လူတွေအပေါ် အပြစ်ပုံချနေတာလေ။ ဒါကြောင့် သူက ရှူဂျိကို နာနာလေး ရိုက်ချင်တယ်ဆိုတာကို သိသိသာသာ ပြချင်လို့ ဖြည်းဖြည်းချင်းစီ သ-တ်နေတာပေါ့။

မာတိုခဇုသည် သူတို့ သည်ပွဲကို သေချာပေါက်ရှုံးသွားပြီမှန်း သိသွားတော့သည်။

သူသည် ခုခံရန် ပြန်လှည့်သွားချင်သော်လည်း သူ အသက်ပြန်ရှင်အောင်သာ လုပ်နိုင်ပေလိမ့်မည်။ သူသည် လူငါးယောက်နှင့် ယှဥ်မတိုက်နိုင်ပေ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Unde poveștirile trăiesc. Descoperă acum