အပိုင်း (၃၃၃) ကြီးမြတ်လှသည့်သခင်လေးချင်၏ရွှေ့ကွက်

570 55 1
                                    

အပိုင်း (၃၃၃) ကြီးမြတ်လှသည့်သခင်လေးချင်၏ရွှေ့ကွက်

ချင်မော့သည်  အောက်ဖက်တွင် ပြန်စာတစ်သီတစ်တန်းကို မြင်လိုက်ရသဖြင့်ကို ထိုပိုစ့်ကို အလွယ်တကူ သတိပြုမိသွားတော့သည်။

“ဒီမှာ ဒီမှာ ငါတို့ရဲ့ကြီးမြတ်လှတဲ့သခင်လေးနဲ့ Spade Z အကြောင်းကို အတင်းမပြောကြနဲ့ နားလည်လား”

ဤမက်ဆေ့မျိုးသည် လူတစ်ယောက်ကို အဓိပ္ပာယ်နှစ်မျိုးနှင့် သွယ်ဝိုက်ပြောလိုက်ခြင်းဖြစ်သည်။

တစ်ခုမှာ သူသည် ချင်မော့နှင့် Spade Z မပတ်သက်နေသည်ကို မကြိုက်သောကြောင့်ဖြစ်၏။

နောက်တစ်ခုမှာ တစ်စုံတစ်ယောက်သည် အာရုံစိုက်ခံလိုနေခြင်းပင်ဖြစ်သည်။

ထိုပိုစ့်ကို တင်လိုက်သောသူသည် ဒုတိယအချက်ကြောင့်ဖြစ်သည်မှာ ထင်ရှား၏။ သို့မဟုတ်ပါက သူသည် ထိုနေရာတွင်ပင်  ပြန်စာချက်ချင်းရေးလိမ့်မည် မဟုတ်ချေ။

“ ငါအရင်တုန်းက စိတ်မြန်လက်မြန်ပြောဆိုခဲ့တာတွေ ရှိကောင်း ရှိခဲ့လိမ့်မယ်၊ ဒါပေမဲ့ အရင်ဆုံး ငါ့ရပ်တည်ချက်ကိုတော့ ရှင်းအောင် ကြိုပြောထားမယ်နော်၊ ငါလဲ Spade Zကိုကြိုက်ပါတယ်”

သူသည် Spade Zကို အမှန်တကယ် ကြိုက်သည် မကြိုက်သည်ကို ဆုံးဖြတ်ရခက်ပေသည်။

ချင်မော့သည် ထိုလူ၏မက်ဆေ့ကို ဖွင့်လိုက်ပြီးနောက်တွင် ထိုအကောင်သည် Spade Z ကို တစ်ချိန်လုံး လိုက်တုနေသည်ဟုသာ ခံစားလိုက်ရသည်။ ထို့အပြင် ဒီကောင်သည်  သူ့ကိုယ်သူ အွန်လိုင်းဆယ်လီ ချက်ချင်းထဖြစ်ရန်အရေးသာ စိတ်ဝင်စားနေသည်။

ချင်မော့သည် စီးပွားရေးသမားတစ်ယောက်ဖြစ်၏။

စီးပွားရေးတစ်ယောက်အနေဖြင့် တခြားလူ၏အတွင်းစိတ်ကို ထွင်းဖောက်ခြင်းသည် ကြီးမြတ်လှသည့်သခင်လေးအတွက် အလွန်လွယ်ကူလှပေသည်။

သည်လူသည် Spade Z က အာရုံစိုက်ခံရအောင် နိုးဆွပေးနိုင်သည်ဟု စဥ်းစားထားခြင်းဖြစ်၏။ ထို့ကြောင့် သူအကျိုးစီးပွားကို ရယူလိုစိတ်ကြောင့် ဖြစ်နိုင်ပေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now