အပိုင်း (၃၉၂) ကိုလူချော မင်းသားလေးကျို့

248 38 0
                                    

အပိုင်း (၃၉၂) ကိုလူချော မင်းသားလေးကျို့

“ဝိုး အဲလိုပြောတယ်ဆိုတော့ မင်းကတော့ တစ်ခုခုပဲ”

အမှတ်(၂) အလယ်တန်း ကျောင်းသားများသည် ထိုစကားကို ကြားလိုက်သည်နှင့် အော်ရယ်လိုက်ကြသည်။

ဖူကျို့က ပေါ့ပေါ့ပါးပါးလေသံတစ်ခုဖြင့် ပြောလိုက်၏။

“ မင်းတို့မှာ ရွေးစရာနှစ်ခုရှိတယ်၊ တစ်ခုက မင်းတို့ကောင်တွေ ထွက်သွားကြ၊ မဟုတ်ရင်တော့ လာချ၊ ဘယ်တစ်ခု ရွေးမလဲ”

“ဒါပေါ့ ငါတို့ ချမှပေါ့၊ မင်းကို သောက်ကျိုးနဲအောင် ချပေးအုံးမှာ”

သူတို့ထဲမှတစ်ယောက်သည် ကြောက်စရာကောင်းသည့်အကြည့်တစ်ခုနှင့် ပြောလိုက်လေသည်။

ဟန်စုစုသည် ငွေရောင်ဆံပင်နှင့် ချောမောလှသည့် ကောင်လေးကို ကြည့်လိုက်ပြီး သူမ၏ ဇစ်ကိုဆွဲတင်ကာ နောက်ဆုတ်လိုက်၏။ ဤကြောက်မက်ဖွယ်အခြေအနေတွင် အပြုံးတစ်ခုကပင် ကြောက်စရာကောင်းလေသည်။

“ ငါမင်းကို ချပေးမယ်၊ မင်းလိုအမှိုက်ကများ ခုခံချင်....”

သူ့စကားမဆုံးလိုက်ခင်မှာပင် သူ့ဒူးသည် ခပ်ကြမ်းကြမ်း ကန်ခံလိုက်တော့သည်။

ဖူကျို့က ၃မိနစ်ဟုပြောလျှင် ၃မိနစ်သာ အချိန်ပေးပေမည်။ ထိုကန်ချက်သည် အပေါ်ပိုင်းကို ထိသွားပြီး ပြင်းထန်သည့် အားက ပါလာတော့သည်။

  1V4

တစ်ယောက်ကို ဖယ်ထုတ်ပြီးဖြစ်၏။

ခေါင်းဆောင်ဖြစ်သူသည် လက်မလျှော့ပေ။ အခွင့်ရေးကိုအရယူပြီး ဖူကျို့ကို ကန်လိုက်၏။ သူသည် ဖူကျို့၏စကိတ်ဘုတ်ကို လမ်းဆွဲလိုက်ပြီး ဖူကျို့၏နောက်ကျောကို ရိုက်ချလိုက်တော့သည်။

သူမသည် ရိုက်ခံလိုက်လျှင် သေချာပေါက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပေမည်။

သို့သော် သူမသည် ဖူကျို့ဖြစ်၏။ ဖူကျို့က မည်သို့ အရိုက်ခံရပါမည်နည်း။

ဘေးဘက်ကို လှလှပပ လှည့်လိုက်ပြီး တစ်စောင်းကန်ချက်တစ်ခုကို ပေးလိုက်ရာ ဖူကျို့၏ ယူနီဖောင်းပင် စူးရှရှလေသံတစ်ခုနှင့်အတူ လွှားခနဲလွှင့်သွားတော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Onde as histórias ganham vida. Descobre agora