အပိုင်း (၃၈၇) အရှက်ရဖွယ်

253 34 0
                                    

အပိုင်း (၃၈၇) အရှက်ရဖွယ်

အနားရှိ ထိုစိတ်ကြီးဝင်ရောဂါရှင် ကောင်လေးများသည် ရှော့ခ်ရသွားပြီး အောင်မြင်မှုကို ပြသနေသည့် စာလုံးနှစ်လုံးကိုသာ သတိလက်လွတ် ငေးကြည့်နေမိတော့သည်။

ပြိုင်ပွဲပြီးသွားသည့်နောက် ဖူကျို့သည် ဖုန်းကို ဆိုးပေကောင်လေး၏လက်ထဲသို့ ပုံမှန်အတိုင်း ပစ်ပေးလိုက်ကာ ဘောင်းဘီအိတ်ကပ်ထဲသို့ လက်တစ်ဖက်ထည့်ရင်း ရပ်လိုက်ရာ အလွန်ချောမောနေတော့သည်။ သူမက ပြောလိုက်၏။

“ ငါတို့ နိုင်သွားပြီ၊ အခု bill ရှင်းလိုက်တော့”

Supreme အသင်းက နိုင်ငံအဆင့် top four မဝင်နိုင်ဟု Weiboပေါ်တွင် ထင်ကြေးပေးခဲ့သူများသည် ဤမျှပြီးပြည့်စုံသည့် ပူးပေါင်းမှုကို မြင်ခဲ့ပါလျှင် သူတို့သည် တစ်ခါထဲ ပါးစပ်ပိတ်သွားပေလိမ့်မည်။

Supremeအသင်းသည် မည်သူမှမလိုက်ခင်မှာပင် ချင်မော့နှင့် ဖူကျို့တို့၏ ပူးပေါင်းတိုက်ကွက်ဖြစ်သည့် သေလောက်အောင်ပြင်းထန်သည့် လျှို့ဝှက်လက်နက်တစ်ခုကို ရရှိပြီးဖြစ်လေသည်။

အကင်ဆိုင်အတွင်းရှိ စိတ်ကြီးဝင်ရောဂါရှင် ကောင်လေးလေးယောက်သည် အမှန်ပင် မှင်တက်အံ့ဩသွားကြ၏။ ငွေရှင်းပြီးနောက် ကောင်လေးသည် ထိုင်ခုံကို ဆွဲထိုင်လိုက်ပြီး ဖူကျို့ကို ပြောလိုက်၏။

“ လူချောလေးတို့ ငါတို့ကို မင်းတို့ရဲ့တပည့် လုပ်ခွင့်ပေးရင် မင်းတို့ ငါတို့ကျောင်းကို လာတိုင်း ငါတို့ကာကွယ်ပေးမယ်၊ ဘယ်လိုလဲ”

“ ငါက အမှတ် (၁) အလယ်တန်းကျောင်းကလေ၊ မင်းက အမှတ် (၂) က”

ဖူကျို့သည့် မနေနိုင်တော့ဘဲ သူတို့ကို သတိပေးလိုက်၏။

“ ငါတို့က ကျောင်းမှမတူတာ”

ကောင်လေးသည် ပထမ၌ စိတ်ပျက်သွားပြီး နောက် ဆက်ပြောလိုက်၏။

“ ငါတို့ကျောင်းက မင်းတို့ကျောင်းနဲ့နီးတယ်လေ၊ ငါတို့က ကျောင်းမတူဘူးဆိုပေမဲ့ ငါတို့တွေမင်းကို ကာကွယ်ပေးလို့ ရပါတယ်၊ ငါ့ကို ယုံလိုက်၊ မင်းကျောင်းက ခေါင်းဆောင် ငါတို့ကိုမြင်တာနဲ့ သူ ငါတို့ကို ရှောင်ပြီး တခြားလမ်းက သွားလိမ့်မယ်”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now