အပိုင်း (၂၅၈) ဖန်ဘက်လှည့်ခြင်း

647 69 1
                                    

အပိုင်း (၂၅၈) ဖန်ဘက်လှည့်ခြင်း

Weiboတွင် အရေးပေါ်စစ်ဆေးမှုကို ဝါရင့်အမှုထမ်းဟောင်းများက အဆင့်ဆင့်လုပ်ဆောင်သည်မှာ သေချာသည်။

လူထုဆက်ဆံရေးလုပ်ငန်းနှင့် ပတ်သက်ပြီး ဖုန်းရီတွင် စိုးရိမ်စရာကိစ္စ မရှိချေ။ အသုံးအဝင်ဆုံးသော လူထုဆက်ဆံအသင်းပင် အမှန်တကယ်အားပေးသော ဖန်စစ်စစ်များလောက် အကူအညီမဖြစ်ချေ။

အကြောင်းမှာ အမှန်တကယ်အားပေးကြသော ဖန်စစ်စစ်များသည် ဆင်ခြင်ဉာဏ်ရှိကြသောကြောင့် ဖြစ်လေသည်။

ထိုဖြစ်ရပ် ဖြစ်ပွားပြီးနောက် ဖုန်းရီသည် Spade Zဟာ ပိုပြီးနာမည်ကျော်ကြားလာတော့မည်ဟု အရင်ကထက် နှစ်ဆ ယုံကြည်သွားတော့သည်။

Spade Zမှာ ထောင်ပေါင်းများစွာသော ဖန်စစ်စစ်များ များစွာရှိသည် မဟုတ်ပါလား။

ထိုများစွာသောဖန်တို့သည်  အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်ရုံသာမက သူတို့ကိုယ်တိုင် သူတို့၏အိုင်ဒေါနေရာသို့ ဝင်၍ သူတို့၏အိုင်ဒေါဘက်တွင် မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြသည်။

သခင်လေးချင်လိုလူပင် ဤနေရာတွင် ဖန်စစ်စစ် တစ်ယောက်ရရန် မလွယ်ကူချေ။

ဒါအမှန်ပဲလေ။

ငါတို့ရဲ့ ပွဲစားကြီးဖုန်းက ဖန် ပွဲစား တစ်ယောက်ပဲကိုး။

ချင်မော့က အကျင့်တစ်ခုကို ဟန်ဆောင်ပြီး လုပ်ယူထားတာလို့ လူတော်တော်များများက ပြောကြပေမဲ့ သူ အခိုင်အမာ ယုံကြည်ထားတာကတော့ ချင်မော့မှာ ခပ်မိုက်မိုက် အရည်အချင်းရှိတယ် ဆိုတာပါပဲ။

ယနေ့ခေတ် ဂိမ်းပြိုင်ပွဲများတွင် လှည့်ကွက်အများအပြား ရှိလေသည်။

ဖန်ပိုများလာအောင် ဆွဲဆောင်ရန် တချို့ဆိုလျှင် fujishiများကို ငှားရမ်းပြီးသော်လည်းကောင်း သူတို့၏ဖန်များကို လိုချင်တာပေးပြီးသော်လည်းကောင်း ပြုလုပ်ရန်ပင် ဝန်မလေးကြတော့ချေ။

သို့သော် ဂိမ်းပြိုင်ပွဲတစ်ခုနှင့်ပတ်သက်ပြီး လူအများ မေ့လျော့နေသည်မှာ သင်သည် ဂိမ်းကို ကောင်းကောင်း ကစားနေသ၍ လူကျင့်ဝတ်ကို မဆန့်ကျင်သ၍ သင်လိုအပ်သော အခြေခံအကျဆုံး ထားရှိရန် စိတ်ဓာတ်မှာ ရှေ့ဆက်သွားရန်သာ ဖြစ်လေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now