အပိုင်း (၂၉၆) ကြီးမြတ်လှတဲ့သခင်လေးက အခန်းလဲလိုက်တယ်
ကျောင်းသားဖုန်းသည် အလွန်ဉာဏ်ပြေးသူဖြစ်၏။
ဘာဖြစ်တာလဲ။
တိုကျိုက ဟိုတယ်က ဘာလဲဟ။
ဧည့်သည်ခွင့်ပြုချက်မရပဲ တံခါးကိုတွန်းဖွင့်လိုက်တယ်တဲ့လား။
ညဝတ်အင်္ကျီဝတ်ထားသော ဖုန်းရှန်သည် စိတ်ထဲမှ မကျေမနပ်ပြောလိုက်၏။ ရေချိုးခန်းဘက်မှ သူ့အကြည့်ကို ရုတ်သိမ်းပြီး ပြန်လှည့်အကြည့်တွင် ချင်မော့သည် လက်တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲထည့်ကာ သူ့ထံတန်းတန်းမတ်မတ်လျှောက်လာရင်း လက်တစ်ဖက်တွင် ရှိမနေသင့်သည့် အခန်းကတ်ကို ကစားကာလာနေလေသည်။
ဖုန်းရှန်: ....
သူက ချင်မိသားစုမှာ ကောင်းကောင်းမွန်မွန် ကြီးပြင်းလာခဲ့တဲ့သူပဲဟာ။
အခန်းထဲမဝင်လာခင် တံခါးကို အရင်ခေါက်သင့်တာပေါ့တဲ့။
ရေချိုးခန်းထဲမှ ရေသံများသည် ကျယ်လောင်ကာ ရေငွေ့ကလဲ ထူထဲစွာ တစ်လိပ်လိပ်တက်နေသည်။
ဖူကျို့သည်လည်း အခြေအနေကို မသိချေ။
ချင်မော့အခန်းထဲဝင်လာသည့်နှင့် ဖုန်းရှန်၏လက်များသည် ခဲသွားကာ ကြွက်လေးတစ်ကောင်လို လိမ်မာနေတော့သည်။
“ခေါင်းဆောင်...”
အရမ်းတောင်နောက်ကျနေပြီလေ ကြီးမြတ်လှတဲ့သခင်လေးချင်က သူတို့အခန်းကို ဘာလာလုပ်တာပါလိမ့်။
“ မင်း ဒီနေ့ လုပ်တာ သိပ်တော်တယ်”
ချင်မော့သည် ပျော့ပျော့ပြောင်းပြောင်းလေသံဖြင့် ရုတ်တရက် ချီးမွှမ်းလိုက်၏။
ဖုန်းရှန်သည် ထိုစကားကို ကြားလိုက်ပြီး အလွန်တွေဝေသွားတော့သည်။
ကြီးမြတ်လှတဲ့သခင်လေးချင်က သူ ဒီနေ့ကောင်းကောင်း လုပ်တယ်လို့ထင်သွားလောက်အောင် သူဘာတွေလုပ်ခဲ့မိလို့လဲ။
ကျောင်းသားလေးဖုန်းသည် တွေဝေနေဆဲ။ ချင်မော့သည် လက်တစ်ဖက်ကို မြောက်လိုက်ပြီး သူ့အခန်းကတ်ကို ဖုန်းရှန်လက်ထဲသို့ ပစ်ထည့်လိုက်လေသည်။
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်