အပိုင်း (၃၄၇) တိုက်ပွဲကာလ ၊ ပါးချဖို့ ပထမခြေလှမ်း
လူများ၏အကြည့်အောက်တွင်
တော်ဝင် ဗန်ပိုင်းယားတစ်ယောက်နှင့် တူလှသည့်ထိုကောင်လေးသည် လက်တစ်ဖက်ကို အိတ်ကပ်ထဲထည့်ရင်း ရှူဂျိထံ လျှောက်သွားလိုက်၏။
သွေးဆာကာ ရက်စက်လှသည့် လက်စားချေသူတစ်ယောက်က အမှောင်ထဲမှ လှမ်းထွက်လာပုံနှင့် တူနေလေသည်။
“အဲဒီချင်မော့ ဟုတ်လား”
ဖူကျို့သည် သူမ၏ခေါင်းကို စောင်းထားပြီး သူမ၏မျက်လုံးများသည် အေးခဲနေတော့သည်။
“ ငါ့အစ်ကိုကို ဒီလိုခေါ်ဖို့ ဘယ်သူက မင်းခွင့်ပြုထားလို့လဲ”
ရှူဂျိသည် ထိုအရာကြောင့် စိတ်အနှောင့်အယှက်လုံးဝ မဖြစ်ချေ။ ထို့အစား သူ့သွေးတို့သည် ဆူပွက်လာလေသည်။
“ မင်း စိတ်တိုသွားတာ ငါ တွေ့လိုက်သလားလို့၊ ဒါဆိုလည်း မင်း လာကစားလိုက်လေ”
“ငါ့ကို...”
ဖူကျို့သည် ခေတ္တ တုံ့ဆိုင်းလိုက်ပြီး သူမနှုတ်ခမ်းများကို အပြုံးတစ်ခုအသွင် ဖြစ်အောင် ကွေးထားလိုက်လေသည်။
“ ဆုတောင်းလေ၊ အမှန်အတိုင်းပြောရရင် မင်းလိုလူမျိုးတွေ အများကြီးကို ငါ ကိုင်တွယ်ခဲ့ပြီးပြီ၊ မင်းက ဘာကိုကြည့်ပြီး ငါ မင်းနဲ့ ပြိုင်မယ်လို့ ထင်နေတာလဲ၊ ဆာကူရာအသင်းက သူခိုးဓားပြတွေလား၊ ဒီနေရာမှာ လူတွေကို ဖိအားပေးပြီး ကစားခိုင်းဖို့ ခွင့်ပြုထားတာလား”
ဖုန်းရှန် :... အိုင်ဒေါ ငါ့ကို ယုံထားလိုက်တော့၊ မင်းရဲ့အခုပုံစံက မင်းကလွဲပြီး ဘယ်သူမှ မာဖီးယားအဖွဲ့ဝင်တစ်ယောက်နဲ့ မတူနိုင်တော့ဘူး။
ဖူကျို့သည် ဂျပန်လိုပြောလိုက်ပြီး ပြဿနာအကြီးအကျယ် ဖန်တီးလိုက်တော့သည်။
တစ်ဖက်အသင်းမန်နေဂျာက ရှေ့တိုးလာပြီး
“ မဟုတ်ပါဘူး၊ ကျွန်တော်တို့ အဲလို မရည်မရွယ်ပါဘူး”
“ မရည်ရွယ်ဘူးဟုတ်လား၊ ဒါဆို မင်းတို့ရဲ့ ကစားသမားတွေရဲ့ပါးစပ်ကို ပိတ်ခိုင်းပြီး ကစားလိုက်တော့”
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်