အပိုင်း (၂၀၂) ဆရာကျတဲ့ကြီးမြတ်တဲ့သခင်လေးချင်
“တုတ်ထိုးချိုချဥ်လား၊ အိမ်ကကလေးတွေအတွက်လားရှင့်”
အရောင်းစာရေးမလေးသည် အပြုံးမျက်နှာဖြင့်မေးလိုက်သည်။
ဖူကျို့သည် ထိုနတ်ဘုရား၏ လေသံကိုကြားရုံနှင့် သူမအတွက် ဝယ်နေမှန်းသိလိုက်သည်။ သို့သော် သူမငြင်းမည် ပြင်လိုက်သောအခါ အေးစက်စက်ဆွဲဆောင်မှုရှိသော အသံတစ်ခုသည် အေးအေးသက်သာရှိသော သဘောထား ဟန်ပန်အရိပ်အယောင် နှင့်အတူလွင့်ပျံလာသည်။
“ ဟုတ်တယ် အိမ်ကကလေးတွေအတွက်ဝယ်မလို့ပါ”
ကြီးမြတ်လှတဲ့သခင်လေးကတော့ တကယ့်ကို ရည်ရွယ်ချက်ရှိရှိနဲ့လုပ်နေတာပဲ။ မဟုတ်ရင်“ကလေး”ဆိုတဲ့စကားကို ပြောလိုက်တဲ့အချိန်မှာ သူ သူမကိုကြည့်စရာဘာအကြောင်းရှိလို့လဲ။
အရောင်းစာရေးမလေးသည် ကလေးများအတွက် သကြားလုံးလာဝယ်ပေးသော လူကြီး တော်တော်များများကို တွေ့ဖူးသော်လည်း သူမရှေ့တွင်ရှိသော အမျိုးသားနှစ်ယောက်လောက် ငယ်တဲ့သူမျိုး မတွေ့ဖူးချေ။ သို့နှင့် သူမသည် အထူးတလည် ထပ်မေးလိုက်လေသည်။
“ ဆရာ အိမ်ကကလေးက အသက်ဘယ်လောက်လဲ ပြောပြလို့ရမလား၊ ဒါမှ သူ့အသက်အရွယ်ပေါ်မူတည်ပြီး ကျမတို့က အဆင်ပြေတဲ့သကြားလုံးတွေကိုရွေးပေးလို့ရမှာ၊ အထူးသဖြင့် ချောကလက်အရသာကို ရွေးထားတာ ဆိုတော့လေ၊ အရမ်းငယ်တဲ့ကလေးတွေအတွက် သိပ်မသင့်တော်လို့ပါရှင်”
“ ဆယ့်ခုနှစ်နှစ်”
ချင်မော့သည် နှုတ်မှလွှတ်ခနဲ ထွက်သွားပြီးနောက် အရောင်းစာရေးမလေးသာမက ဆိုင်အတွင်းရှိ ကလေးများအားလုံး အံ့သြသွားကြတော့သည်။ သူတို့သည် မျက်လုံးများပြူးသွားကာ အံ့သြသွားကြတော့သည်။
“ ဆယ့်ခုနှစ်နှစ် တဲ့လား အဲဒါ အသက်ဘယ်လောက်လဲ”
“ ငါက ဒီနှစ်ဆို ၃နှစ်ရှိပြီ၊ ၃နှစ်တစ်ယောက်က ၃ ၊ ၃နှစ် နှစ်ယောက်ဆို ၆၊ ၃နှစ် သုံးယောက်ဆို ၉၊ ၃နှစ် လေးယောက်..... ၃နှစ် လေးယောက်ဆို....”
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်