အပိုင်း (၂၂၄) အကောင့်သစ်နဲ့ပြိုင်ပွဲဝင်မယ် တဲ့လား

775 91 0
                                    

အပိုင်း (၂၂၄) အကောင့်သစ်နဲ့ပြိုင်ပွဲဝင်မယ် တဲ့လား

အကောင့်သစ်နဲ့ပြိုင်မယ် တဲ့လား

ဒိုင်လူကြီးအားလုံးသည် လုံးဝတုန်လှုပ်သွားပြီး အချင်းချင်း ကြည့်လိုက်မိကြသည်။

ပြီးခဲ့သည့်နှစ်များတွင် ဂိမ်းလူရွေးပွဲအတွင်း အကောင့်သစ်နှင့် ယှဥ်ပြိုင်သူ မရှိခဲ့ဖူးချေ။

အကောင့်သစ်တွင် ကန့်သတ်ချက်အလွန်များသည်။ ကစားသမားသည် အဆင့်မြင့် ဂိမ်းလက်နက်တန်ဆာများကိုသုံးရန် တိကျသော အဆင့်တစ်ခုရောက်ရန် မဖြစ်မနေ လိုအပ်သည်။

ဒါဆို ဒီကောင်လေးက ဘာလက်နက်တန်ဆာမှမပါဘဲ အဆင့်သတ်မှတ်ချက်ဂိမ်းကို ကစားဖို့ပြင်နေတာလား

ဒီလိုဆိုရင်ပေမဲ့လဲ တားမြစ်ထားတဲ့ပြိုင်ပွဲစည်းမျဥ်းမူဝါဒကမရှိလေတော့....

ဒိုင်လူကြီးအားလုံးသည် ဤအထူးအခြေအနေတွက် ထိန်းချုပ်ခန်းဘက်သို့ကြည့်လိုက်ကြလေသည်။ သူတို့သည် မန်နေဂျာဖုန်းနှင့် ဆက်သွယ်ဖို့ပြင်နေစဥ် ချင်မော့၏ တိုးညင်းကာဆွဲဆောင်မှုရှိသောအသံသည် ဘယ်ကမှန်းမသိ ပေါ်ထွက်လာလေသည်။ ယခုမှဖောက်ထားသော အကောင်းစားဝိုင်ပုလင်းအသစ်၏ ခမ်းနားမှုမျိုး ထုတ်လွှတ်နေလေသည်။

“ ခွင့်ပြုပေးလိုက်”

ခါတိုင်းလိုပဲ ကြီးမြတ်လှတဲ့သခင်လေးချင်က သူရဲ့စကားလုံးတွေကို ရွှေလိုပဲတန်ဖိုးတာလေ။

ဒါပေမဲ့ ချင်မော့အကြောင်းကို ကောင်းကောင်းသိကြတဲ့ နောက်ကတင်ဆက်သူအားလုံးကတော့ တောင့်တင်းသွားလေရဲ့။

ခေါင်းဆောင်.... ခေါင်းဆောင်က အရင်ကတည်းက တခြားလူတွေအတွက်ဆို ဘယ်တုန်းကမှ ပြောပေးဖူးတာမဟုတ်ဘူးရယ်.....

ထိုတင်ဆက်သူနှစ်ယောက်သည် လျှို့ဝှက်ချက်အကြီးကြီးကို ရှာဖွေတွေ့ရှိသွားသလို ခံစားမိလိုက်ကြသည်။ သူတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး ဒိုင်လူကြီးများ၏တုံ့ပြန်ချက်ကိုမစောင့်တော့ဘဲ

“ ကောင်းပါပြီ ဖူကျို့က ဒီပြိုင်ပွဲမှာ အကောင့်အသစ်ကိုသုံးသွားမှာပါ။ ပထမပွဲအတွက် အဆင်သင့်ပြင်ကြပါ”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now