အပိုင်း (၂၉၈) ကြီးမြတ်လှတဲ့သခင်လေးချင်က ဖူကျို့ကို တုန်နေအောင်ချစ်တာတဲ့

605 55 1
                                    

အပိုင်း (၂၉၈) ကြီးမြတ်လှတဲ့သခင်လေးချင်က ဖူကျို့ကို တုန်နေအောင်ချစ်တာတဲ့

ချင်မော့၏အတွေ့အကြုံနှင့် skillသည် ဖူကျို့၏ပျော့ကွက်များကို အချိန်တိုအတွင်း ဖြည့်ဆည်းပေးနိုင်သည်ကိုတော့ မပြောပဲ ချန်လပ်ထား၍မရချေ။

ထို့နောက်တွင် ဖူကျို့သည် သူမ၏လက်အမြန်နှုန်း က လိုသည်ထက်ပိုလျှင်တောင် သာလွန်အဆင့် မရောက်သေးသော သူမ၏ Spade Z အကောင့် level နှင့်ဆိုလျှင် အတားအဆီးများကို ရင်ဆိုင်ရအုံးမည်ကို သဘောပေါက်သွားတော့သည်။

အမှန်တွင်  အသင်းတိုင်းက သိပြီးသားအရာလဲ ဖြစ်လေသည်။

သူတို့သည် Spade Z ထူးချွန်သည်ကို လက်ခံသော်လည်း ပြိုင်ပွဲတွင် Spade Z လက်ထဲတွင် ရှုံးလိမ့်မည်ဟုတော့ မတွေးကြချေ။

သူတို့သည် နိုင်ငံအဆင့်လက်ရွေးစင်အသင်းများဖြစ်ပြီး ကစားသမားအသစ်များနှင့် နှိုင်းယှဥ်၍မရချေ။

နိုင်ငံအဆင့်ပြိုင်ပွဲကို အနိုင်ရရန် လွယ်ကူသည်တော့ မဟုတ်ပေ။

ချင်မော့သည် ပြဿနာကို အစကတည်းက ကြိုမြင်သဖြင့် သူသည် ထိုအချိန်က ဖူကျို့နှင့်အတူ မွန်းစတားသတ်ရန် လက်ခံခဲ့ခြင်းဖြစ်သည်။

သူ့မျက်လုံးထဲတွင် ဖူကျို့သည် နှစ်လိုဖွယ်ကောင်းနေသည့်အပြင် နောက်အကြောင်းပြချက်တစ်ခုမှာ မွန်းစတားသတ်ခြင်းက levelကို မြန်မြန်တက်စေသောကြောင့်ပင်။

အဆင့်သတ်မှတ်ခြင်းဂိမ်းကစားခြင်းကလည်း သေချာပေါက် အထောက်အကူဖြစ်လေသည်။

အမှန်တွင် levelတင်ရာတွင် ရလာဒ်ကောင်းခြင်းက အလွန်အထောက်ကူဖြစ်သည်။

သို့သော် သူတို့သည် လက်ရှိနည်းကိုသာ သုံးနေလျှင်.... ရှန်းနန်အသင်းနှင့် ယှဥ်နိုင်လိမ့်မည် မဟုတ်သေးပေ။

ထိုအချင်းအရာတို့ကို လေ့လာပြီးနောက် ချင်မော့သည် နားလိုက်လေသည်။ ဖူကျို့သည် မျက်လုံးထဲတွင် သံသယအပြည့်နှင့် လှည့်ကြည့်လိုက်၏။

သူမ၏ ပျော့ပြောင်းသောငွေရောင်ဆံသားများ ခြောက်သွားသဖြင့် ဆံပင်မှာ ပွယောင်းယောင်းဖြစ်နေလေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now