အပိုင်း (၂၂၅) သခင်ကျို့ လှုပ်ရှားခြင်း

881 95 0
                                    

အပိုင်း (၂၂၅) သခင်ကျို့ လှုပ်ရှားခြင်း

ဖုန်းရှန်သည် ထိုစကားကို ကြားလိုက်သောအခါ သူသည် သွေးများအန်ထွက်လုနီးပါးဖြစ်သွာလေသည်။ သူသည် အလွယ်တကူ ဒေါသမထွက်တတ်သော်လည်း သူ့မျက်နှာက အေးစက်စက်ပုံ ပြောင်းသွားကာ ပြောလိုက်တော့သည်။

“ မင်းတို့ဆီက ဒီလို အားပေးမှုမျိုးတော့ ငါလက်ခံနိုင်ဘူးဟေ့”

ဒါက သူ့စိတ်တံခါးကို အော်ဟစ်ပြီး လူရှေ့မှာ ပထမဆုံးချပြဖူးတာပဲ။

ဖူကျို့က ခေါင်းကိုအနည်းငယ်စောင်းလိုက်ပြီး သူ့ကိုကြည့်လိုက်သည်။

ဖုန်းရှန်က သူ့အိုင်ဒေါကတော့ သူကိုချီးမွှမ်းနေတော့မှာလို့ ထင်ပြီး မထိန်းချုပ်နိုင်လောက်အောင် ရှက်နေလေရဲ့။

သူ့အိုင်ဒေါက သူ့ပုခုံးကိုပုတ်လိုက်ပြီး လှလှပပပြုံးပြီး ပြောလာမယ်လို့ ဘယ်သူကထင်မိမှာလဲ။

“ အဲဒီဒေါသက စကားထစ်တာကို ကုလိုက်နိုင်တဲ့ပုံပဲနော်”

ဖုန်းရှန် : “ .... “

“ အိုခေ ဒုတိယပွဲအတွက် အသင့်ပြင်ထားတော့”

ဖူကျို့၏ညွှန်ကြားချက်အောက်တွင် <ဟယ်မိသားစုကော့ပ်>၏ကစားသမားများအားလုံးသည် ဂိမ်းစာမျက်နှာကို ဝင်ရောက်လိုက်ကြသည်။

PK သုံးခါဆက်တိုက်လုံးမှာ ဖူကျို့သည် သာမန်လှုပ်ရှားမှုကိုသာ ပြုလုပ်ခဲ့သည်။

ဒါပေမဲ့ ဒါက တကယ်ကော ထင်သလောက်ရိုးရှင်းရဲ့လား။

ဂိမ်းရဲ့အခက်ခဲဆုံးအပိုင်းက ဒီလိုအသေးစိတ် အချက်အလက်တွေထဲမှာပဲ ရှိတာဆိုတာ ဂိမ်းကစားခဲ့ဖူးတဲ့သူတိုင်း သိပါလိမ့်မယ်။

ဒီလို လူတွေတိုက်ခိုက်လာတာကို ရှောင်ပြီး နောက်လိုက်အဖွဲ့သားတွေရဲ့တိုက်ခိုက်မှုကို အနှောင့်အယှက် မဖြစ်အောင်လှုပ်ရှားနေရတာမျိုးက နိုင်ငံတွေပဲ ဒီလိုတိကျတဲ့ကိစ္စမျိုးကို လုပ်နိုင်တာပါ။

တင်ဆက်သူများသည် ချင်ကော်ပိုရေးရှင်း၏ ဝန်ထမ်းများဖြစ်ကြသည်။ သူတို့သည် ဒါကိုမြင်ပြီးနောက်တွင် ဖူကျို့က ပုန်းဖို့ပဲသိပြီး သွေးပဲပြန်ဖြည့်တတ်သော ကစားသမား မဟုတ်တာကို သိသွားကြတော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now