အပိုင်း (၃၁၆) ကြီးမြတ်လှတဲ့သခင်လေး
သည်တစ်ကြိမ်တွင်တော့ သွေးများစီးကျလာတော့သည်။
ပြဿနာလာရှာသောထိုလူများသည် ဖူကျို့၏တိုက်ခိုက်မှုကို ကာကွယ်ချိန်ပင်မရလိုက်ချေ။
သူမသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကျသွားသော ဂိုဏ်းစတားများထဲမှတစ်ယောက်ကို ကန်လိုက်လေသည်။ သူမ၏လှုပ်ရှားမှုများသည် လျင်မြန်ကာ ရက်စက်လှပြီး သူမ၏မျက်လုံးများသည်လည်း အေးခဲနေလေသည်။ သူမသည် ထိုလူကို ဆက်တိုက် ကန်ကျောက်နေလိုက်ပြီး ရပ်တန့်ရန် အတွေး တစ်စက်ကလေးမှမရှိချေ။
ထိုကောင်လေးသည် ထိုမျှလောက်ရက်စက်မည်ဟု မည်သူမှ မတွေးမိကြချေ။
ဂျွန်ကို၏မျက်နှာသည် ထိုအရာကို မြင်လိုက်ပြီးနောက် ဖျော့တော့သွားတော့သည်။
သူမသည် ဘေးကလူများကို ပြောလိုက်လေသည်။
“ဘာလုပ်နေကြတာလဲ၊ မြန်မြန် ပြန်ချလေ”
ထိုဂိုဏ်းစတားများသည် ဖူကျို့ဆီသို့ ဝင်စီးကြတော့သည်။
သို့သော် ကောင်လေးဆီမရောက်လိုက်မီ လေပြင်းတစ်ချက်သည် သူတို့၏မျက်နှာပေါ်မှ ဖြတ်ပြေးသွားတော့သည်။
ချင်မော့ ဖြစ်လေသည်။ သူသည် သူ့ညာဖက်လက်ထဲတွင် သစ်သားစားပွဲပေါ်မှ ဝိုင်ပုလင်းတစ်လုံးကို ဆွဲယူလိုက်ပြီး လူတစ်ယောက်၏ခေါင်းကို ရိုက်ချလိုက်တော့သည်။
သူ့လှုပ်ရှားမှုများသည် ဖူကျို့ထက်ပင် ကြောက်စရာပိုကောင်းနေတော့သည်။
သူ့လက်ချောင်းများပေါ်တွင် သွေးများစီးနေပြီး ထိုအရာသည် သူ့တည်ငြိမ်မှုကို မသက်ရောက်နေပေ။
သူဝမ်းဗိုက်ကြွက်သားများသည် ထင်းရှင်းနေလေသည်။ သူ့လက်ထဲမှ ပုလင်းကို သုံးပြီး ဝေ့ယမ်းလိုက်ပြီးနောက်တွင် လူအုပ်ကြားထဲမှ အားပေးသံများနှင့် အော်သံများသည် ထွက်ပေါ်လာတော့သည်။
တစ်စုံတစ်ယောက်သည် တိုက်ခိုက်နေစဥ်မှာပင် အလွန်ချောမောသည်ဆိုလျှင် သူသည် အမှန်စင်စစ် လူချောလေးတစ်ယောက် ဖြစ်ပေလိမ့်မည်။
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်