အပိုင်း (၂၄၃) ကြီးမြတ်တဲ့သခင်လေးချင် သဝန်တိုခြင်း

857 94 1
                                    

အပိုင်း (၂၄၃) ကြီးမြတ်တဲ့သခင်လေးချင် သဝန်တိုခြင်း

<Supreme>အသင်း အွန်လိုင်းပေါ်တွင်ရှိနေခြင်းသည် အကျိုးသက်ရောက်မှု အလွန်ကြီးမားလေသည်။

အထင်ရှားဆုံးသက်သေမှာ ရင်းဝူယောင်၏ အင်တာနက်ဆိုင်လေးသည် ပုံမှန်ထက် စည်ကားနေခြင်းဖြစ်လေသည်။

ဒါသည် အမှန်တကယ် ဖြစ်ပျက်နေခြင်း ဖြစ်လေသည်။

ပြိုင်ပွဲ မထုတ်လွှင့်မီက ကစားသမားများသည် ကြည့်ရှုနေကြလေသည်။ ရင်းဝူယောင် ဝင်လာသည်နှင့်တစ်ပြိုင်နက် သူတို့အားလုံးသည် ပါးစပ်ထဲမှ ကိုကာကိုလာ ဖျော်ရည်များကို ထွေးထုတ် မိသွားကြလေသည်။ သူတို့သည် ရုတ်ခြည်း စိတ်လှုပ်ရှားသွားကြကာ သူတို့၏သူငယ်ချင်းများကို ထိုအင်တာနက်ဆိုင်သို့ အတင်း ဆွဲခေါ်သွားကြတော့သည်။

အင်တာနက်ဆိုင်၏ သစ္စာရှိ ဖောက်သည်လေးများသည် သူတို့ ဟာသလုပ်ပြောခဲ့သော ထိုဆိုင်ပိုင်ရှင်မှာ သူတို့၏ အိုင်ဒေါဟောင်းကြီး <ယင်တောင်၏မြောက်ပိုင်းသခင်> ဖြစ်နေမည်ဟု လုံးဝမမျှော်လင့်ခဲ့မိချေ။

ထိုကြောင့် အင်တာနက်ဆိုင်၏ ဖောက်သည်များသည် အုပ်စုလိုက် ပြည့်ကြပ်သွားကြတော့သည်။

သူတို့သည် ငွေကိုင်လေးကို အော်မေးနေကြလေသည်။

“ ဦးလေးရင်း ဘယ်မှာလဲ”

“ဟေ”

ထိုကောင်လေးသည် ကောလိပ်ကျောင်းသားလေး ဖြစ်သည့်အပြင် စာဂျပိုးလေးဖြစ်နေရာ သူသည် အွန်လိုင်းဂိမ်းကို လုံးဝစိတ်မဝင်စားချေ။ သည့်အပြင် သူသည် အချိန်ပိုင်းအလုပ်သမားလည်း ဖြစ်လေသည်။ သူသိသည်မှာ အွန်လိုင်းဝတ္ထုများသာ ဖြစ်လေရာ သူသည် ဗီဒီယိုဂိမ်းကို မည်သည့်အခါမျှ စိတ်မဝင်စားခဲ့ချေ။ ထို့ကြောင့် ဖြစ်ပျက်နေသမျှကို မသိဘဲ ဖြစ်နေလေသည်။ သူသည် အကြီးအကျယ် စိတ်ရှုပ်လျက် ပြန်မေးလိုက်လေသည်။

“သူဌေး ပြန်မလာသေးပါဘူး ခင်ဗျာ၊ သူ့ကို ဘာကိစ္စနဲ့ တွေ့ချင်လဲ ၊ ကွန်ပျူတာပြင်ဖို့လား၊ ကျွန်တော်လဲ ပြင်တတ်ပါတယ်”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now