အပိုင်း (၂၈၄) တစ်ယောက်ချင်း လေ့ကျင့်ရေးပြိုင်ပွဲ

567 62 0
                                    

အပိုင်း (၂၈၄) တစ်ယောက်ချင်း လေ့ကျင့်ရေးပြိုင်ပွဲ

ဖူကျို့ပြောလိုက်သည်နှင့်တစ်ပြိုင်နက် အားလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

အတွင်းရေးမှူးလျန်သည် တစ်စုံတစ်ခုကို ပြောချင်သော်လည်း ဆွံ့အသွားလေသည်။ ဖူကျို့ဆီမှ ရုတ်တရက် ထွက်လာသည့် ပြင်းထန်သည့်အားက သူ့ကို လန့်သွားစေပြီး သူ့ခြေထောက်များကို ရှေ့သို့မတိုးနိုင်အောင် တားထားလေသည်။

မသိမသာနီနေသော မျက်လုံးနှင့် ထိုမိန်းကလေးသည် သူမ၏လက်ကို တင်းတင်းဆုပ်ထားပြီး ခေါင်းကိုအ နည်းငယ် စောင်းလိုက်ကာ သူမ၏ အသင်းသားများနှင့် သူမ၏ခေါင်းဆောင်ကို ကြည့်လိုက်၏။

လျိုလိသည် မော့ကြည့်လိုက်ရာ ငွေရောင်ဆံပင်နှင့်လူငယ်လေး၏မျက်လုံးနှင့် ဆုံသွားတော့သည်။ သူသည် ဖျတ်လတ်သော စိတ်ထားနှင့် ဣန္ဒြေအပြည့်နှင့် ပြောလိုက်၏။

“ ဘာပဲဖြစ်ဖြစ်ပါလေ ၊ ဒါကို သင်ပေးတာလို့တော့ မတွေးသင့်ဘူးပေါ့၊ Supreme အသင်းနဲ့ ကာလီ အသင်းက ခင်လာတာလဲ ကြာပြီလေ၊ ဒီလိုမျိုး အဓိပ္ပာယ်နဲ့ပြောနေရင် ငါတို့ရဲ့ ဆက်ဆံရေးကို ထိခိုက်သွားလိမ့်မယ်”

Supremeအသင်းသားများသည် ဘာဖြစ်နေသည်ကို မသိဖြစ်နေဆဲ။

ဒါကြောင့်လဲ ယောက်ျားလေးတွေကို အင်္ဂါဂြိုဟ်ကလာတာလို့ ပြောကြတာဖြစ်မယ်။

သူတို့အားလုံးသေချာသိသည်မှာ ယောင်ယောင်က အလွန်စိတ်ဆိုးနေသည် ဆိုတာပင်ဖြစ်လေသည်။ ကျန်သည့်အရာများက ဝေဝါးဆဲပင်။

လျိုလိ ပြောတာမှန်တယ်လေ၊ ဒီလိုအချိန်မှာ ပြိုင်ပွဲလုပ်တာက သူတို့မိတ်ဆွေဆက်ဆံရေးကို တကယ်ထိခိုက်သွားနိုင်တယ်။

COCOက လက်ထုတ်လိုက်ပြီး ဖူကျို့ကို ဆောင့်ဆွဲကာ သူမကို ထိုင်ခိုင်းလိုက်ပြီး ကျန်တာကို နောက်မှရှင်းရန် ပြောလိုက်သည်။

ဖူကျို့သည် ဖြည်းညင်းစွာ မျက်မှောင်ကျုံ့လိုက်ပြီး ဒီကိစ္စကို ကျော်သွားခွင့် မပေးချေ။

လျိုလိက ပြုံးကာ ထပ်ပြောမည့်ဟန်ပြင်လိုက်သည်။

သို့ရာတွင် မျက်နှာချင်းဆိုင်ဘက်မှာ ဩရှရှနှင့်အားကောင်းသည့်အသံတစ်ခု ထွက်လာ၏။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now