အပိုင်း (၂၉၃) ဖူကျို့ပါးရိုက်ခြင်း
“ဒီထက်အ,တဲ့တရုတ်လူမျိုး တစ်ခါမှ မတွေ့ဖူးသေးဘူး”
ဆရာကူအသင်းကစားသမားနှစ်ယောက်က ထုတ်ပြောလိုက်သည်။
“သူက စတားလိုက် ကို ရှူဂျိနဲ့ ပြိုင်ဆော့ရဲတယ်တဲ့ ရှူဂျိရဲ့ လက်အမြန်နှုန်းဘယ်လောက်ကောင်းလဲဆိုတာ သူမသိဘူးလား၊ အဲဒီ ကာလီမိန်းကလေးတွေက အရင်က ငါတို့နဲ့ ပြိုင်ခဲ့ဖူးတာပဲ သူတို့သိသင့်တာပေါ့”
ကွေးကွေးနှင့် လင်ရှောင်ထုန်သည် ဆာကူရာအသင်းနှင့်ပြိုင်ပြီးသည့်နောက် ထိုအကြောင်းကို သေချာသိထားပြီးဖြစ်သည်။
သို့သော် သူတို့သည် သည်အရှက်မရှိသည့်သခင်လေးက မီးတွင်းထဲ ခုန်ချမည်ကို မတားချေ။
ဆာကူရာအသင်းသားများသည် ဖူကျို့ကို ပညာပေးကာ သူမထက်သာသော ဆရာကြီးများ ရှိသေးကြောင်း သိသွားစေရန် သည်နေရာသို့ အချိန်ကိုက်ရောက်လာကြလေသည်။
သည်နေရာတွင်ရှိသော ဂိမ်းစက်များကို တရုတ်နိုင်ငံတွင် ကစားလေ့မရှိကြချေ။
ဤဂိမ်းစက်မျိူးကို မကစားဖူးသော သူများသည် အခက်တွေ့ပေလိမ့်မည်။
ထိုမိန်းကလေးများသည် သည်ဂိမ်းကိုစကားပြီး ရှူဂျိက ဖူကျို့ကို အသေအလဲနှိပ်စက်တော့မည်ကို စောင့်ဆိုင်းနေကြသည်။
ကွေးကွေးနှင့် လင်းရှောင်ထုန်ကဲ့သို့ မိန်းကလေးများသည အာဇာနည်စိတ်ဓာတ်ဟူသည်ကို မသိကြချေ။
တကိုယ်ကောင်းဆန်သော ထိုကဲ့သို့သောလူများသည် ဤအရာကို ဘယ်တော့မှ နားလည်လိမ့်မည်မဟုတ်ချေ။
ဖူကျို့က battle ဆိုင်ဖို့ငြင်းလိုက်ပြီးမှ ဘာလို့ ပြိုင်ဖို့ဆုံးဖြတ်လိုက်တာလဲ။
ဘာလို့လဲဆိုတော့ သူပြောတဲ့စကားက သူမရဲ့မိခင်မြေကို စော်ကားတဲ့စကား ဖြစ်နေလို့လေ။
သူတို့ထဲမှအချို့သည် ဂျပန်စကားနားမလည်သော်လည်း ဖူကျို့က စတားလိုက် စက်ဆီ လျှောက်သွားသောအခါ ဖြစ်နေသည့်အကြောင်းအရင်းကို ချက်ချင်း သဘောပေါက်သွားတော့သည်။
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်