အပိုင်း (၃၀၁) အနမ်းတဲ့လား

803 79 2
                                    

အပိုင်း (၃၀၁) အနမ်းတဲ့လား

အမှန်ပင် ဖူကျို့သည် ချင်မော့၏လှုပ်ရှားမှုများကို တွေ့လိုက်၏။ သူမကို နှာခေါင်းအထိ တကိုယ်လုံးကို ဖုံးအုပ်ထားသော်လည်း သူမ မြင်ဖြစ်အာင် မြင်လိုက်သေးသည်။

ထို့ကြောင့် သူမသည် ကြီးမြတ်လှသည့် သခင်လေး၏မျက်နှာအမူအရာကို တိတိကျကျ မြင်လိုက်ရသည်။

သူဤမျှလောက် သုန်မှုန်နေသည်ကို ကြည့်လိုက်မိပြီး ဖူကျို့သည် သူ့ကို စနောက်ချင်စိတ် အနည်းငယ် ရုတ်တရက် ဖြစ်သွားတော့သည်။ ထို့ကြောင့် သူမသည် သူမ၏မာဖလာကို ပြင်လိုက်ပြီး သူတို့ကို ဝိုင်းရံထားသည့် အထက်တန်းကျောင်းက ကလေးများဘက်လှည့်လိုက်သည်။ သူမသည် နှုတ်ခမ်းကို ကွေးထားလိုက်ပြီး ချောမောကာ အီစီကလီအထာနှင့် စနောက်လိုက်တော့သည်။

“ နင်တို့တွေ ငါတို့ နမ်းတာကို ကြည့်ချင်လား”

သူမသည် မျက်နှာအပြည့်ဖော်ထားရန် မဆိုထားနှင့် တစ်ဝက်သာဖော်ထားလျှင်တောင် ချောမောနေပြီး ဖြစ်သည်။

တိုကျိုမြို့မှ မိန်းကလေးများပင် ထိုသွေးဆောင်မှုကို မခံစားနိုင်တော့ချေ။

ထို့အပြင် ကောင်လေးပြောလိုက်သောစကားမှာ တမင်လာစနေသလို ဖြစ်လွန်းနေသည်။

သူတို့က သူ့ကို နားလည်မှုမလွဲဘူးဆိုရင်...

သူတို့က သူတို့နမ်းတာကိုမြင်ချင်တာဆိုရင် သူတို့က တကယ်လုပ်ပြမှာမလို့လား။

အဲလိုလား။

ထို အထက်တန်းကျောင်းသူနှစ်ယောက်သည် စိတ်လှုပ်ရှားလွန်းသဖြင့် မူးမေ့တော့မယောင် ဖြစ်သွားတော့သည်။ ထိုနောက် သူတို့သည် သူတို့စိတ်ကူးကို အခိုင်အမာ ဖော်ပြလိုက်ပြီး ခေါင်းညိတ်ပြ လိုက်ကြသည်။

ကောင်လေးပြောလိုက်သည့် စကားကို ကြားလိုက်ပြီးနောက် ချင်မော့၏ကိုယ်ရောင်ကိုယ်ဝါသည် ပို၍ အေးစက်လာတော့သည်။ လက်တစ်ဖက်ကို အိတ်ကပ်ထဲထည့်ပြီး သူ့အကြည့်ဖြင့်ဖူကျို့ကို အေးခဲသွားစေကာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေနိုင်လောက်အောင် အလွန် အေးစက်စွာ ကြည့်နေတာ့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Donde viven las historias. Descúbrelo ahora