အပိုင်း (၃၁၄) အချိုတွေနဲ့ ဆက်ပြီး အထာပေးမယ်

512 47 1
                                    

အပိုင်း (၃၁၄) အချိုတွေနဲ့ ဆက်ပြီး အထာပေးမယ်

ထိုမိန်းမလှ၏နာမည်မှာ ဂျွန်ကို ဖြစ်ပြီး သူမသည် ဗွီအိုင်ပီတစ်ယောက်လည်း ဖြစ်လေသည်။ သူမသည် သည်နေရာသို့ ပျော်ပါးရန် အမြဲလာလေ့ရှိသောကြောင့် သူမသည် သည်နေရာကလူများနှင့် ခင်မင်လေသည်။

သူမသည် ဤကဲ့သို့မျက်နှာပျက်ရသည်ကို သည်းမခံနိုင်ပေ။

အစောပိုင်းက သူတို့အချင်းချင်း တရုတ်စကားပြောနေကြသည့်ကို သူမ ကြားခဲ့၏။

ထိုအချက်ကိုကြည့်လျှင် သူတို့သည် ဤမြို့ကမဟုတ်သည်ကို ကောက်ချက်ချနိုင်သည်။ သူတို့သည် ဂျပန်စကားကို ကောင်းကောင်းပြောတတ်သော်လည်း သူတို့သည် ဒေသခံများ မဟုတ်သည့်အချက်ကိုတော့ ဖုံးကွယ်မထားနိုင်ပေ။

သူတို့သည် တရုတ်များဖြစ်သည့်အတွက်ပင် သူမသည် သူတို့ကို ကောင်းကောင်းအကြပ်ရိုက်အောင် လုပ်ရပေမည်။

သူတို့တွေ ဒီပတ်ဝန်းကျင်မှာ ခေါင်းမထောင်နိုင်စေရဘူး။

ဂျွန်ကိုသည် အမှောင်ထဲတွင် လျှောက်လာပြီး သူမ၏နောက်မှ ကောင်မလေးသည် သူမကို ကြိုးစားနှစ်သိမ့်နေလေသည်။

“ ခေါက်ထားလိုက်ပါဟာ၊ ဂျွန်ကို အဲထက်ကောင်းတဲ့ကောင်လေးတွေ ရှိပါသေးတယ်၊ စိတ်မဆိုးနဲ့တော့၊ နင် သူတို့ဆီမှာ ရှုံးသွားတာမှမရှိတာ ဟုတ်တယ်မလား”

“ငါ ဘာမှမရှုံးဘူးလို့ ဘယ်သူကပြောတာလဲ၊ သူတို့ ငါ့စိတ်ကောင်းလေးကို ပျက်စီးအောင်လုပ်သွားတာလေ”

လူအချို့သည် ထိုကဲ့သို့ပင် တစ်လောကလုံးသည် သူတို့နှင့်သာသက်ဆိုင်သည်ဟု ထင်နေတတ်ကြသည်။

သူမ၏သူငယ်ချင်းသည် ဘာလုပ်ရမည်မသိဖြစ်သွားကာ သူမ၏ခြေလှမ်းကို အမီမလိုက်နိုင် ဖြစ်သွားသဖြင့် အပျော်ရှာရန် တခြားသူများကိုသာ သွားရှာလိုက်တော့သည်။

သူတို့သည် ဤနေရာသို့ ပျော်ရွှင်လိုသဖြင့်လာသည်ဖြစ်ရာ သူမသည် ဂျွန်ကိုဆီမှ သောက်ကြောင်းများကို မကြားချင်တော့ချေ။ ဂျွန်ကိုကြောင့် ထိုကောင်ချောလေးနှစ်ယောက်နှင့် စကားပြောရမည့်အခွင့်ရေး အလကားဖြစ်သွားသည်မှာ နှမြောစရာကောင်းလှသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Dove le storie prendono vita. Scoprilo ora