အပိုင်း (၃၅၉) လေဆိပ်မှာ ချိုချဥ်တွေကျွေးမယ်
အသင်းသည် ကျန်းမြို့သို့ ပြန်ရောက်လာ၏။
ဖူကျို့သည် နိုးလာပြီး သူမ၏ငွေရောင်ဆံပင်သည် မသပ်မရပ်ဖြစ်နေ၏။ သူမသည် အနက်ရောင် သန့်သန့်အိတ်ကို ညာဘက်ပခုံးတွင် လွယ်လိုက်ရင်း ဘယ်ဖက်လက်က သတိမထားမိဘဲ မျက်လုံးကို ပွတ်လိုက်လေသည်။
ပျင်းရိလေးတွဲကာ ချောမောသည့် လူငယ်လေးပေါ်လာသည်နှင့် တစ်ပြိုင်နက် ထက်သန်သည့် အားပေးသံများ ထွက်လာလေသည်။
“ သူ ဟိုမှာဟဲ့”
“ -ျီး သူ တကယ်ပဲ Spadeကြီးဟ၊ သတင်းက မှန်နေတာပေါ့”
“သူနဲ့ဓာတ်ပုံရိုက်ချင်တဲ့သူတွေ၊ သူ့ကို ဓာတ်ပုံရိုက်ချင်တဲ့သူတွေ လာကြဟေ့ မြန်မြန်”
“ကြီးမြတ်လှတဲ့သခင်လေးရော၊ ငါ သူ့ကို ဓာတ်ပုံရိုက်ချင်တယ်”
“ ငါ သူတို့နှစ်ယောက်တွဲ ဓာတ်ပုံရိုက်ချင်တယ်”
Supremeအသင်း ထွက်ခွာသွားချိန်က တိတ်ဆိတ်မှုနှင့် လုံးဝခြားနားနေရာ တစ်စုံတစ်ယောက်က အတွင်းသတင်းရသွားပြီး သူတို့ ပြန်လာမည့်အချိန်ကို သတင်းလွှင့်ထားဟန်တူသည်။
ဖန်အများအပြားသည် မနက်ခင်းကတည်းက လေဆိပ်တွင် သူတို့ကို စောင့်ဆိုင်းနေကြ၏။
မည်သို့ဆိုစေ တိုကျိုမှ လေယာဥ် သုံးစင်းသာဆင်းမည်ဖြစ်ရာ ဖန်များသည် သူတို့ ပေါ်လာသည်အထိ စောင့်နေကြလေသည်။
နောက်ဆုံးတွင် သူတို့၏ ကြိုးစားမှု အရာထင်လာတော့သည်။
ဖူကျို့ထွက်လာချိန်၌ မိန်းကလေးများ၏မျက်လုံးများသည် အရောင်တောက်သွားတော့သည်။ သူ့နောက်တွင် လူဆယ့်နှစ်ယောက်ခန့်က တူညီဝတ်စုံများဝတ်ထားပြီး စစ်ရေးပြနေသကဲ့သို့ လျှောက်ကာထွက်လာပုံကို မြင်လိုက်ရသည့် ခံစားချက်များမှာ ဖော်ပြလို့မတတ်အောင်ပင် ဖြစ်နေ၏။
မိန်းကလေးများသည် အလွန်စိတ်လှုပ်ရှားနေပြီး တစ်ချိန်ထဲမှာပင် လူအုပ်ကြီးတစ်ခုသည် အရှိန်နှင့် တိုးဝင်လာကြလေသည်။
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်