အပိုင်း ( ၃၆၆) ကြီးမြတ်လှတဲ့သခင်လေးအတွက် ကားမောင်းပေးမယ် (၁)
ဘာကိစ္စမရှိတာလဲ။
ဖူကျို့သည် မျက်ခုံးကို ပင့်ထားဆဲ။
ဟယ်ဟုန်ဟွာသည် ဖုန်းကို ချလိုက်ပြီး အလွန်လေးနက်ကာ ကြည့်လိုက်၏။
“ရှောင်တုံး”
“ဟုတ်ကဲ့ သူဌေးကတော်”
ချန်ရှောင်တုံးသည် အနားကပ်သွား၏။
ဟယ်ဟုန်ဟွာသည် ဖူကျို့ကို အရင်ကြည့်လိုက်ပြီးနောက် ပြောလိုက်၏။
“ သခင်လေးဆီက လျှပ်စစ်ပစ္စည်းတွေအားလုံး သိမ်းလိုက်၊ နှစ်ရက်အတွင်း ကွန်ပျူတာမသုံးရဘူး၊ နားလည်လား”
“ဟုတ်ကဲ့ပါ သူဌေးကတော်၊ ကျွန်တော် အဖြစ်မခံပါဘူး”
ချန်ရှောင်တုံး ကတိပေးလိုက်၏။
ဖူကျို့ : “....”
ကြီးမြတ်လှတဲ့သခင်လေးက ဘာတွေပြောလိုက်လို့ အမေကတောင် ငါလေးကို ထိန်းချုပ်နေတာလဲ။
ချင်မော့သည် သတင်းကြားပြီးနောက် ကောင်လေးစိတ်ရှုပ်သွားမည့်မျက်နှာကို မှန်းဆလိုက်ကာ သူ့နှုတ်ခမ်းထောင့်များသည် လုံးဝမသိလိုက်ပါဘဲ ကွေးတက်သွားတော့သည်။
ချင်မော့ဘေးတွင် ရပ်နေသည့် ဟန်ဖုန်းသည် ချင်မော့၏မျက်နှာကို မြင်သွားပြီး တုံ့ဆိုင်းသွားတော့သည်။
ဘာဖြစ်နေတာလဲ။
သူ ရည်းစားများ ရသွားတာလား။
ဒါဆိုရင်တော့ ဒီနေ့ည စားပွဲလုပ်ဖို့ လွယ်တော့မှာမဟုတ်ဘူး။
ဟန်ဖုန်းသည် မျက်မှောင်ကျုံ့လိုက်သော်လည်း ခပ်မြန်မြန် ပြန်ပြုံးလိုက်လေသည်။ အကြောင်းမှာ ဤမိန်းကလေးသည် တစ်စုံတစ်ခုကို သက်ရောက်စေနိုင်လောက်အောင် အလွန် အရေးပါလှမည်မဟုတ်ဟု တွေးလိုက်သောကြောင့်ပင်။
သို့သော် သူတို့ထဲမှ နှစ်ယောက်သည် ကျောင်းပြီးကတည်းက စစ်ထဲသို့ဝင်သွားသည်ဖြစ်ရာ သူတို့သည် ပြန်လာခဲသည်။
ထို့ကြောင့် သူတို့သည် အခု ပါတီ လုပ်နေခြင်းဖြစ်၏။
သို့သော် ချင်မော့ရှိနေသ၍ သူတို့သည် သူတို့အပြုအမူများကို အမြဲလိုလို ကောင်းကောင်း ထိန်းထားရလေသည်။
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်