အပိုင်း(၂၈၉) ကြီးမြတ်လှတဲ့သခင်လေးချင်ရဲ့ တုံ့ပြန်မှု
‘”ဘာတွေကြည့်နေတာလဲ”
ကောင်လေး ခေါင်းလှည့်ထားတဲ့ဟန်ပန်က အရမ်းသိသာနေတာလေ။
ဒီတော့လဲ ကြီးမြတ်လှတဲ့သခင်လေးရဲ့အာရုံကို ဆွဲဆောင်နေတော့တာပေါ့။
ဖူကျို့သည် ပြန်ကြည့်ပြီး ပြောလိုက်၏။
“ဘာလို့ တစ်ယောက်ယောက်က စိုက်ကြည့်နေတယ်လို့ တစ်ချိန်လုံးခံစားနေရလဲမသိဘူး”
“ ကောင်းလိုက်တဲ့ အလိုလိုသိစိတ်ပါလား”
ချင်မော့၏လေသံသည် ပျော့ပြောင်းကာ သာမန်အစ်ကိုကြီးတစ်ယောက်က သူ့ညီလေးကို ချီးမွှမ်းသံပေါက်နေလေသည်။
ဖူကျို့သည့် သူ့ထောက်ခံချက်ကို ရလိုက်သည်တွင် ပျော်သွားပြီး သူမအတွေးကို ပိုထုတ်ပြောလို့ဟန် ဖြစ်သွားသည်။
သို့သော် ကြီးမြတ်လှသည့်သခင်လေးချင်က နောက်တစ်ခွန်းနှင့် ထောင်ချောက်ဆင်လိုက်လေသည်။
“ဒီလောက်ကောင်းတဲ့ အလိုလိုသိစိတ်ကို ဘယ်လိုမွေးမြူထားတာလဲ၊ မင်းရဲ့ဆင်စွယ်ရောင် မျှော်စင်ကျောင်းမှာလား”
သူမသည် ကြီးမြတ်လှသည့်သခင်ချင်ကို တစ်စက္ကန့်လေးမှ သတိလက်လွတ်ထားလို့မဖြစ်ချေ။
ဖူကျို့သည် သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီးနောက် သူမ၏ဘယ်ဘက်မျက်လုံးကို မှိတ်ပြလိုက်သည်။
“အွန်း ၊ ငါလေးရဲ့ ဆင်စွယ်ရောင်မျှော်စင်ကျောင်းမှာလေ၊ အမှတ် (၁) အလယ်တန်းကျောင်းက ဆရာတွေက ကြိုးကြာငှက်လို လည်ပင်းရှည်ရှည်နဲ့ တံခါးနောက်နေ ချောင်းကြည့်ရတာ ကြိုက်ကြလို့လေ၊ အဲဒါက ငါလေးကို စူပါအလိုလိုသိစိတ် ရလာစေတာပဲ၊ အစ်ကိုမော့က နံပါတ် တစ် ကျောင်းသားဖြစ်ခဲ့တာဆိုတော့ လူဆိုးကျောင်းသားလေးတစ်ယောက်ရဲ့ ဘဝကို ဘယ်လိုမှ နားလည်မှာ မဟုတ်ပါဘူး၊ ပြီးတော့ ဆရာတွေရဲ့အကြည့်အောက်နေလွတ်ပြီး စာပို့၊ ဝတ္ထုဖတ်ရင်း တချိန်ထဲမှာ ငါအမြဲသတိနဲ့၊ ဆဲလ်တွေက စာအုပ်တွေကို လုံလုံခြုံခြုံထားဖို့ ငါတို့တွေက ဒီအထူးအလိုလိုသိစိတ်ကို ဘယ်လိုသုံးသလဲဆိုတာလဲ သိမှာမဟုတ်ဘူး၊ ဒီချစ်စရာကောင်းတဲ့ဆရာတွေရဲ့ ရုံးခန်းထဲကိုလာဖို့ ဘယ်သူခေါ်ခံချင်မှာလဲ, ဟုတ်တယ်မလား”
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်