အပိုင်း(၂၇၃) နင်က ဒီနေရာနဲ့ မသက်ဆိုင်ဘူး

567 67 0
                                    

အပိုင်း(၂၇၃) နင်က ဒီနေရာနဲ့ မသက်ဆိုင်ဘူး

ဖူကျို့သည် သူမ၏နှုတ်ခမ်းများကို ကွေးထားလိုက်၏။ ဒါက လင်ဖုန်းပြောတဲ့ မိန်းမလှလေး လျိုလိ ဖြစ်ရမည်။

မိန်းမလှလေးသည် အလှပဂေးမိန်းကလေးများအားလုံးကို ဦးဆောင်ကာ သူတို့ဆီ လျှောက်လာ၏။ မျက်စိပသာဒ ဖြစ်ဖွယ်အတိပင်။

Supremeအသင်းသားအများစုမှာ ယောကျ်ားလေးများဖြစ်ကြ၏။

ထိုယောကျ်ားသားများသည် သည်မိန်းကလေးများကို တွေ့လိုက်ရသည်နှင့် တပြိုင်နက် အလိုအလျောက် လွှမ်းမိုး ခံလိုက်ရတော့သည်။

သူတို့တစ်ယောက်ချင်းသည် အလွန်အပြစ်ကင်းကာ ငယ်ရွယ်ကြသည်။ တချို့က အဝေးကိုကြည့်နေကာ တချို့က လှလှပပ ပိုစ့်ပေးနေကြသည်။

ဤယောကျ်ားသားများသည် ထိုအသင်းမှ အလှပဂေးများအားလုံးကို ရယ်အောင်ပြုလုပ်နေကြတော့သည်။

“ ဟင်... အသင်းမှာ မိန်းကလေးတစ်ယောက်ပါတာပဲ”

ကာလီအသင်းသူတစ်ယောက်က သူမ၏ ဝိုင်းစက်ကာ ချစ်စရာကောင်းပြီး ရွှန်းလဲ့နေသော မျက်လုံးများဖြင့် ရွှယ်ယောင်ယောင်ကို ကြည့်ကာ ပြောလိုက်သည်။

ရွှယ်ယောင်ယောင်သည် တစ်ခုခုကို ပြောမည်ပြင်လိုက်၏။

ထိုမိန်းကလေးက ဆက်ပြီး ကလေးဆန်ဆန် ဆိုးနွဲ့ဟန်ဖြင့် ပြောလိုက်၏။

“COCO နင်က လူလိမ်ပဲနော် နင်ပြောတော့ အသင်းမှာ မိန်းကလေးမရှိဘူးဆို”

“အဲဒါက အရင်တုန်းကလေ”

COCOသည် အပြင်တွင် အမြဲလိုလို ရှိုးပွဲများနှင့် လိုက်ဖ်ထုတ်လွှင့်ခြင်းများ လုပ်လေ့ရှိသောကြောင့် လူအများက သူ့ကို သိကြသည်။ Supremeအသင်းကို ဝင်ချင်သောသူများနှင့် တွေ့ရသည်မှာ ပုံမှန်ပင်ဖြစ်သည်။

သို့သော်ငြား ခေါင်းဆောင်၏ အသင်းသား ခေါ်ယူခြင်းစံနှုန်းကိုတော့ သူ မသိခဲ့ပေ။ ထို့ကြောင့် သူသည် လူများကို ပညာသားပါပါ ငြင်းဆိုရန် သည်ကိစ္စနှင့် ဆင်ခြေပေးရတော့သည်။

အမှန်တွင်လည်း သူမ၏ရည်ရွယ်ချက်မှာ ထိုအကြောင်းအရာထက် ပိုသိသာပေသည်။ သူမ၏ရည်ရွယ်ချက်မှာ Supremeအသင်းကို ဝင်လာရန် မဟုတ်ဘဲ ခေါင်းဆောင်နှင့် ရင်းနှီးချင်ရုံမျှသာဖြစ်သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now