အပိုင်း (၃၃၈) ဂေးဖြစ်သွားတာလား ၊ မဟုတ်တာလား
“ဟယ်လို မဒမ်”
အတွင်းရေးမှူးလျန်သည် ပထမဆုံးတစ်ခွန်းကို ပြောလိုက်ချိန်၌ စိတ်ထဲတွင်တော့ အလွန် ရှုပ်ထွေးနေလေသည်။
မဒမ်ကသာ ဓာတ်ပုံနဲ့ပတ်သက်ပြီး မေးလာခဲ့ရင် ငါ ဘယ်လို ဖြေရမလဲ မသိဘူး။
လတ်တလောတုန်းက သူဌေးချင် မူမမှန်ဘူးလို့ထင်တယ် ငါ ပြောခဲ့တာလား။
ဒါမှမဟုတ် ဘာမှ မဖြစ်ခဲ့ဘူးလို့ ပြောခဲ့တာလား။ ဒါက အဖွဲ့သားတွေကြားက ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုပဲလေ... ဒီလို ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူဌေးချင်က မိသားစုထဲက လူတွေနဲ့ကလွဲရင် တစ်ချိန်လုံး တစ်ယောက်ထဲ ကြီးပြင်းလာရတာလေ။ သူနဲ့ ဘယ်သူကများ ဆက်ဆံရေးကောင်းရှိခဲ့ဖူးလို့လဲ။
သူအထက်တန်းကျောင်းတုန်းက သူ့နောက်ကို လိုက်နေကြတဲ့ အဖွဲ့ကြီး တစ်ခုရှိခဲ့ဖူးတယ်။
အဲဒီတုန်းက သူ စစ်တပ်မိသားစုတစ်ခုရဲ့ တတိယမြောက်မျိုးဆက်လိုတောင် မနေခဲ့ပါဘူး။ အဲဒီအစား သူက ကျောင်းပိုင်ရှင်တစ်ယောက်ရဲ့ အမူအကျင့်မျိုးတော့ ရှိခဲ့ပါရဲ့။
အခု သူ ကောလိပ်တက်တော့ ချက်ချင်းကို စီအီအိုတစ်ယောက်ပုံစံ ဖြစ်သွားတာ။
သူဌေးချင်ကို လေးစားကိုးကွယ်ကြတဲ့ သူတွေကတော့ များပါရဲ့ ဒါပေမဲ့ သူဌေးချင်နဲ့ အရမ်းရင်းနှီးတဲ့သူကတော့ တစ်ယောက်ထဲပဲ.... ဖူကျို့လေ။
ဒါပေမဲ့ ညီအစ်ကိုကြားက သံယောဇဥ်တစ်ခုကိုတော့ ဖယ်ထုတ်ထားလို့ မရနိုင်ပြန်ဘူးလေ။
ငါ ဒါကို မှန်မှန်ကန်ကန် စဥ်းစားဖို့လိုတယ်။
အတွင်းရေးမှူးလျန်သည် ပညာရှင်ဆန်ဆန် သဘောထားတစ်ခုနှင့် သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်၏။
“မဒမ် ဘာကိစ္စပါလဲ ခင်မျာ”
ဖုန်း၏တခြားဘက်တွင်တော မိန်းမလှလေးသည် အနည်းငယ် စိတ်ဓာတ်ကျနေ၏။
“ရှောင်လျန်”
“ ငါပါ”
“ ငါ့သား နင့်အကြောင်းကို သိသွားပြီ”
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်