အပိုင်း (၂၁၀) သူ့ကိုယ်သူ ကီးဘုတ်ဖိုက်တာလို့ထင်ခဲ့ပေမဲ့ တကယ်တော့သူက ခွေးပေါက်လေးတစ်ကောင်ပဲ
ထိုနေရာတွင် ရှိနေသောသူအားလုံးသည် သူတို့ဟာသူတို့ ကျေနပ်နေကြလေသည်။
အကြောင်းမှာ သူတို့သည် စာတော်ကြရာ လူတွေကို အကြောင်းအမျိုးမျိုးနှင့် အထင်သေးကြလေသည်။ တရားမျှတမှု တစ်စုံတစ်ရာ မရှိသော်လည်း သူတို့ကိုယ်သူတို့ တရားမျှတမှုကို လက်ကိုင်ထားသကဲ့ ထင်မြင်နေကြလေသည်။
ဖူကျို့ ဘယ်လောက် ချောချော သဘောကောင်းကောင်း အမှတ်မကောင်းလျှင် သူမသည် သူတို့ရဲ့ အပယ်ခံတစ်ယောက်လို ဆက်ဆံခံရလေသည်။
သူတို့သည် “ ငါတို့ နင့်ကိုမကြိုက်ဘူး “ ဟူသည် အရိပ်အယောင် ကိုပြနေကြသည်။
အမှန်တွင် သူတို့ ကြိုက်တာ ခံရသည် မခံရသည်ကို မည်သူကမှဂရစိုက်မနေပါ။
သူတို့သည် သူတို့အကြောင်းကိုသာ စိတ်ဝင်စားကြသူများ ဖြစ်သည်။ ထိုကြောင့် သူတို့သည် ရမှတ်များကို ကြည့်သည့်အခါတိုင်း သူတို့၏မျက်နှာများကို ဟိတ်ကြီးဟန်ကြီးဖြင့် ထားလေ့ရှိသည်။
သူတို့ရမှတ်များကိုကြည့်ပြီးသွားလျှင် သူတို့အားလုံးသည် နောက်ဆုံးလူ၏ နာမည်ကိုကြည့်လိုက်ပြီး ဖူကျို့ကို သဘောကျသော သူများကို လှောင်ပြောင်ရန် အကြောင်းထပ်ရှာကြလေသည်။
ဒါပေမဲ့ သူတို့ နာမည်ကို မတွေ့ကြဘူး။
သူတို့သည် နောက်ဆုံးမှစကြည့်ကြပြီး နာမည်စာရင်းအပေါ်သို့ တက်ကြည့်လာသော်လည်း သူတို့ရှာနေသောနာမည်ကို မတွေ့သေးပေ။
သို့သော် သူတို၏ခေါင်းများကို မော့လိုက်သောအခါတွင် ကောင်လေး၏ရုပ်ပုံသည် အထင်ရှားဆုံးပထမနေရာတွင် တင်ထားသည်ကို မြင်လိုက်ရတော့သည်။
သူတို့ရဲ့မျက်နှာတွေ ပြောင်းလဲသွားတော့တယ်။
ပထမနေရာရဲ့ရမှတ်က ထူးထူးခြားခြား ကောင်းနေသည်။ သူတို့သည် ဟိုဟိုသည်သည် ဆရာများထံမှ ကြားဖူးသော်လည်း ထိုထူးခြားသောသူမှာ ဖူကျို့ဖြစ်နေသည်တဲ့လား။
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်