အပိုင်း (၃၁၈) မှတ်ဉာဏ်လမ်းကြောင်းပေါ်သို့ ခရီးထွက်ခြင်း

617 51 1
                                    

အပိုင်း (၃၁၈) မှတ်ဉာဏ်လမ်းကြောင်းပေါ်သို့ ခရီးထွက်ခြင်း

ကုန်တင်ကားသည် ရုတ်တရက် ရှေ့မီးများကို ဖွင့်လိုက်လေသည်။

အလင်းအားလုံးသည် သူမကို အပြီးအပိုင်ပိတ်ဆို့ထားသည့် ရေဒါများကဲ့သို့ပင်။

ထိုနောက်တွင်...

တစ်စုံတစ်ယောက်သည် ကုန်တင်ကားပေါ်မှာ ခံ့ခံ့ညားညားနှင့် ဝှစ်ခနဲ ခုန်ထွက်လာလေသည်။ သူသည် သူမရင်ဆိုင်ခဲ့ဖူးသောသူများနှင့်မတူချေ။

ထိုလူသည် အလင်းရောင်ကို ကျောပေးကာ ရပ်နေလေသည်။ သူသည် သူ့အသက်အရွယ်ကို ဖော်ပြနေသည့် ကျောင်းယူနီဖောင်းတစ်စုံကို ဝတ်ထားသည်။

ကျန်တာကို ဆက်၍ပုံဖော်၍မရတော့ချေ။

သူမရပ်နေသောနေရာသည် အလွန်လင်းထိန်နေသဖြင့် ကောင်းစွာမမြင်ရပေ။

သူသည် ထိုနေရာတွင်ရပ်နေပြီး လက်တစ်ဖက်ကို အိတ်ကပ်ထဲထည့်ထားလေသည်။ သူသည် ထူးမခြားနားသည့်ပုံစံနှင့် နှုတ်ဆက်လိုက်လေသည်။

“ ငါ မင်းအကြောင်းအများကြီးကြားဖူးတယ် ဇီးရိုး ဒါမှမဟုတ် Z “

ကံအားလျော်စွာ သူမသည် ကာတွန်းတစ်ခုထဲမှ အကြီးဆုံးအကြမ်းဖက်သမားတစ်ယောက်ဖြစ်သည့် ဝိညာဉ်ခေါ်သူ ပုံစံကို တုပကာ အနက်ရောင်ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားလေသည်။

ထိုဝတ်ရုံနှင့် ထိုအနက်ရောင်ဦးထုပ်မှာ သူမကို ကောင်းစွာရုပ်ဖျက်ထားစေသည်။

ထို့ကြောင့် သူမ၏ အမူအရာကို မဆိုထားနှင့် သူမ၏မျက်နှာကို မည်သူကမှ မမြင်နိုင်ချေ။

ထိုရဲများသည် သူမနောက်မှ အလျင်စလိုထွက်သွားလေသည်။

လူများက မယုံကြည်နိုင်သကဲ့သို့ မေးမြန်နေသည်ကိုသာ သူမ ကြားလိုက်ရသည်။

“ သေချာလို့လား၊ ဒါက အမျိုးသမီးတစ်ယောက်တဲ့လား”

“Z က ယောက်ျားတစ်ယောက်လို့ ဘယ်သူကပြောလို့လဲ”

ထိုလူသည် အထက်တန်းကျောင်းသားလေး တစ်ယောက်ဖြစ်သည်မှာ သိသာသော်လည်း ရဲများရှေ့တွင် အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေဟန်တူလေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now