အပိုင်း (၃၂၉) သရုပ်မှန်ပေါ်သွားခြင်း
ဖူကျို့သည် လှည့်လိုက်ကာ ထာဝရတည်မြဲနေမည့်ခံစားချက်ကို ပြသနေသယောင်ထင်ရသည့် အိပ်မွေ့ချရန် ကြိုးစားနေသည့် မျက်လုံးအစုံကို တည့်တည့်စိုက်ကြည့်လိုက်လေသည်။
“ မနေ့ညက အအေးမိသွားလို့လား ဒါမှမဟုတ် တစ်နေရာရာမှာနေလို့မကောင်းလို့လား”
ကြီးမြတ်လှသည့်သခင်လေးသည် အိပ်ရာထဲတွင်ရှိနေဆဲဖြစ်ပြီး သူ့နားရွက်များကို ခေါင်းအုံးနှင့် ကပ်ထားလေသည်။ သူ၏ ကာတွန်းရုပ်နှင့်တူသည့် ပုံသဏ္ဌာန်များသည် ဆွဲဆောင်မှုရှိနေကာ အနက်ရောင် ဆံခြည်မျှင်များသည် သူ့နဖူးပေါ်တွင် ကျနေပြီး ဆံပင်ဖျားလေးသည် သူ့မျက်တောင်ပေါ်တွင် တင်နေ၏။ ဟိုတယ်၏လေထုပင် သူ့တည်ရှိမှုကြောင့် အလွန် ကြီးကျယ်ခမ်းနားသွားသယောင် ရနံ့သင်းသင်းလေးတစ်ခုကို ထုတ်လွှတ်နေလေသည်။
သို့သော်ငြား....သည်အချိန်မှ နိုးလာသည့် သူ့အဖို့မူ အရာရာသည် ကြည်လင်နေပုံမရချေ။
သူသည် အစ်မလိပ်ကလေး၏ စာကို ပြန်လိုက်ပြီး တခြားမန်းရှင်းထားသည့်စာများကို ကြည့်မည်ဟန် ပြင်လိုက်စဥ်.....
အေးလေ အဲဒါတွေက အရေးမကြီးပါဘူး။
ငါလေးရဲ့အဖြေကသာ အဓိကအချက်ပဲ။
“ ငါလေးရဲ့ ချောမောတဲ့ရုပ်ရည်နဲ့ဆိုရင် ဒါပေါ့ ငါလေးက အပေါ်ကပဲ......”
သူမသည် ထိုပြန်စာသည် မှတ်ချက်ပင်လယ်ကြီးထဲတွင် နစ်မြှုပ်သွားလိမ့်မည်ဟု အစကတည်းက မှတ်ယူထားလိုက်သည်။
ကြီးမြတ်လှတဲ့သခင်လေးက ဒါကို တွေ့မှာမဟုတ်ပါဘူး။
ကြီးမြတ်လှတဲ့သခင်လေးက Weibo ဖန်တစ်ယောက်မဟုတ်တော့ သူ သေချာပေါက် ငါလေးရဲ့ပြန်စာတွေကို အောက်အထိဆင်းဖတ်မှာမဟုတ်ဘူး။
သို့သော်ငြား.....
ဖူကျို၏လက်ချောင်းများသည် ခဏတာတုံ့ဆိုင်းသွားပြီးနောက် သူမ၏ဖုန်းကို အလိုလိုကြည့်မိသွား၏။
“ ဘာမှဖြစ်ပါဘူး ကောင်းပါတယ်”
“အယ်”
ချင်မော့သည် သူမ၏လုပ်ရှားမှုများကို မျက်ခုံးတွန့်သွားတော့သည်။ သူသည် စောင်ကိုဖယ်လိုက်ပြီး ခုတင်ပေါ်မှ ဆင်းလာ၏။
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်