အပိုင်း (၂၆၆) ကြီးမြတ်လှတဲ့သခင်လေး တဲ့လား

631 65 1
                                    

အပိုင်း (၂၆၆) ကြီးမြတ်လှတဲ့သခင်လေး တဲ့လား

“ကျွန်တော်..... ကျွန်တော်.....”

သူ့အရည်အချင်းနှင့်ဆိုလျှင် သူသည် သူ့အိုင်ဒေါကို ဂိမ်းနှင့် ပတ်သက်သည့် မည်သည့် အကြံပြုချက်ကိုမျှ ပေးနိုင်လိမ့်မည် မဟုတ်ချေ။ ဖုန်းရှန်သည စကားထစ်နေသောကြောင့် ပြန် မချေပနိုင်လိုက်ချေ။ သူ့အမြင်တွင် ကြီးမြတ်လှသည့် ခင်လေးချင်သည် သည်အခြေအနေတွင် သူ့အား ဤကဲ့သို့သော ဖိအားပေးခြင်းက အနည်းငယ် ရှက်စရာကောင်းသည့် လုပ်ရပ်ဖြစ်သည်ဟု သူခံစားလိုက်ရသည်။ သူက ဘယ်လိုများ ဖုန်းရှန်လို ကစားသမားအသစ်နဲ့ သူဟာသူ ဒီလိုမျိုး ယှဥ်နေရတာလဲ။

သို့သော်ငြား ချင်မော့သည် သူ့အား ဤနည်းဖြင့် ဖိအားပေးလိုက်ရသည်ကို ကျေနပ်နေပုံက သိသာလွန်းလှပေသည်။

“ နိုင်ငံအဆင့် ပြိုင်ပွဲက လာတော့မယ် ၊ မင်းရဲ့ အိုင်ဒေါက Supremeအသင်းရဲ့ ကစားသမားဘုရင်အသစ်လေ၊ သူက သူ့ရဲ့အကောင်းဆုံး ဆောင်ရွက်ချက်ကို မပြနိုင်ခဲ့ရင် ငါတို့ အသင်းအတွက် အရှက်ရစရာဖြစ်သွားလိမ့်မယ်”

ဖူကျို့သည် ထိုစကားကို ကြားလိုက်ရသောအခါ ဤသို့ပြောလိုက်ရင်း သက်သေပြချင်စိတ် ဖြစ်သွားတော့သည်။

“ ငါလေးက ငါ့ကိုယ်ပိုင်အခန်းမှာလဲ လေ့ကျင့်နိုင်ပါတယ်နော်၊ ငါ လုပ်ဆောင်နိုင်စွမ်းကို အဆင့်မြှင့်ဖို့တဲ့လား၊ လွယ်လွယ်လေး”

“ မင်းက အီကလီတွေမလုပ်ဘဲ အဆင့်မြင့်လာအောင် နိုင်တာ သေချာလို့လား”

ချင်မော့သည် သူ့နှုတ်ခမ်းများကို အပေါ်သို့ကွေးတင်လိုက်ပြီး မထူးခြားသည့်လေသံဖြင့် ပြောလိုက်သည်။

“ ငါ့ဆီက မင်းရဲ့ကြိုသုံးခွင့်က ကုန်သွားပြီ၊ ဒီတော့ မဟုတ်တာတွေ ထပ်လုပ်ခွင့် မရှိတော့ဘူး၊ မင်းရဲ့ အိတ်ကိုယူပြီးတော့သာ ငါနဲ့ အပေါ်ထပ်ကို လိုက်ခဲ့”

ကြီးမြတ်လှသည့်သခင်လေးချင်က ဆုံးဖြတ်ချက်ထားပြီးသားကိစ္စကို မည်သူမှ မပြောင်းလဲနိုင်ကြောင်း ဖူကျို့သိသည်။

သူတို့မရောက်ခင်ကလည်း သည်နတ်ဘုရားကြီးက သူမကို သီးသန့်သင်ပေးမည်ဟု ပြောခဲ့ပြီးဖြစ်လေသည်။ တစ်ခန်းထဲ အတူအိပ်ရမည်ကို ထည့်မပြောခဲ့တာသာ ရှိသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now