အပိုင်း (၂၆၈) ဖူကျို့က ကာလီမယ်တော်အကြောင်း တစ်ခါမှ မကြားဖူးဘူး

635 67 1
                                    

အပိုင်း (၂၆၈) ဖူကျို့က ကာလီမယ်တော်အကြောင်း တစ်ခါမှ မကြားဖူးဘူး

ဖူကျို့၏ စည်းချက်ကျကျ ခေါက်နေသောလက်များသည် ရပ်သွားကာ မော့ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။

“ လင်ဖုန်း နင် အစ်ကိုမော့နဲ့အတူ ရှိနေတဲ့အချိန်ဆိုရင်တော့ ခပ်မိုက်မိုက်ဖြစ်နေဖို့ မေ့သာထားလိုက်တော့၊ နင်က နတ်ဘုရား တစ်ပါးလို ချောနေရင်တောင် တချို့ယောကျ်ားတွေကိုပဲ ဆွဲဆောင်နိုင်မှာလေ၊ နတ်ဘုရားကြီးကို တွေ့ပြီးသွားတဲ့ ဘယ်မိန်းကလေးကမှ နင့်ကို ကြည့်ကြတော့မှာ မဟုတ်ဘူး”

လင်ဖုန်း : ...... ဒါတော့ သက်သက်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာပဲ။

သူတို့နောက်တွင်ရှိနေသာ တိမ်ကျားသည် ဖူကျို့၏ မှတ်ချက်ကို တိတ်တဆိတ် လက်မထောင်ပြကာ အပြတ်အသတ်ထောက်ခံလိုက်လေသည်။

သူတို့သည် ဟိုတယ်ဧည့်ဆောင်တွင် စုစည်းရောက်ရှိလာကြသည်။ ဖူကျို့သည် အနက်ရောင် မက်စ်ကို တပ်ထားဆဲ ဖြစ်၏။ တိုကျို၏ရာသီဥတုသည် မနွေးပေ။ မက်စ်သည် ကျန်းမြို့တွင် မီးခို့ငွေ့တို့ကို တားဆီးပေးသော်လည်း သည်နေရာတွင်တော့ ၎င်းသည် နွေးထွေးစေလေသည်။

Supremeအသင်းမှ ယောက်ျားပီပီသသ ကောင်လေးများအားလုံးသည် ရေချိုးသန့်စင်ထားကြပြီး သူတို့၏ဆံပင်ကိုလဲ သေချာစွာ ပြုပြင်ထားကြလေသည်။

ဦးလေးရင်၏ဆံပင်ပေါ်က ဆံပင်လိမ်းဆေးကိုပင် မြင်နေရသည်။

သူတို့သည် တိုကျိုတွင် ရောက်နေသည့်အတွက် အဆင်ပြေလေသည်။ သူတို့သာ ကျန်းမြို့တွင်ဆိုလျှင် အပြင်က ပြန်ရောက်လာသည်နှင့် သူတို့၏ဆံပင်တွင် ဖုန်မှုန့်များဖြင့် ကပ်နေပေလိမ့်မည်။

ချင်မော့မှလွဲလျှင် ရွှယ်ယောင်ယောင် တစ်ယောက်သာ ပုံမှန်ဖြစ်လေသည်။

ဒါပေါ့။ ဖူကျို့လဲ ကျန်သေးတယ်လေ။

အမှန်ပင် ဖူကျို့သည် သူမ၏အသင်းသားများက ဤကဲ့သို့ ဖြစ်နေရသည့်အကြောင်းအရင်းကို နားမလည်ချေ။ သူမသည် မနေနိုင်တော့ဘဲ ရွှယ်ယောင်ယောင်ဖက်လှည့်ကာ မေးခွန်းတစ်ခု မေးလိုက်တော့၏။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now