အပိုင်း (၂၇၇) အားလုံးကို အလဲထိုးလိုက်တယ်

764 73 1
                                    

အပိုင်း (၂၇၇) အားလုံးကို အလဲထိုးလိုက်တယ်

ဖူကျို့ထိုင်ချလိုက်သည်နှင့် ပထမဆုံးလုပ်သည့်အလုပ်မှာ သူမ၏ကွန်ပျူတာကို မထိသေးဘဲ ကိုယ်ကို ဘေးသို့လှည့်လိုက်၏။ သူမ၏ခေါင်းကို အနည်းငယ်စောင်းလိုက်ပြီး ရွှယ်ယောင်ယောင်၏ လက် ဘေးက မောက်စ်ကို ကိုင်လိုက်ကာ ပျော့ပြောင်းသော လေသံနှင့် ပြောလိုက်၏။

“ ငါလေး နင့်အတွက် တရုတ်လူမျိုးတွေသုံးတဲ့ တစ်ခုကို တိုက်ရိုက် ဒေါင်းလုတ်ချပေးပြီးရင် ဒီမှာပဲ အသွင်းယူနစ် ထည့်တဲ့နေရာမှာ ကျွမ်းကျင်အောင် လုပ်ပေးမယ်နော်”

ဖူကျို့၏လက်အမြန်နှုန်းသည် အမှန်ပင် မြန်လွန်းလှ၏။ သည်ကိုယ်ဟန်အနေအထားနှင့်ပင် သူမသည် ကုတ်များကို အခက်အခဲမရှိ ဖော်ကာ ပြောင်းထည့်ပေးလိုက်၏။

ပရိုဂရမ်ကို ထည့်သွင်းပြီးနောက် သူမသည် enterခလုတ်ကို ရိုက်ချလိုက်၏။ သူတို့ရင်းနှီးပြီးသား တရုတ်စာအသွင်းယူနစ်များ ပေါ်လာတော့သည်။

ဂိမ်းထဲတွင် ခလုတ်တိုင်းက အသုံးမလိုသောကြောင့် အပေါ်ဖက်တွင်ရှိသော ဂျပန်စာများကို နားလည်ရန် မလိုအပ်ပေ။

အကောင့်ကုတ်ကိုသာ ထည့်ပြီး ဂိမ်းထဲဝင်လိုက်ရုံနှင့် ပြဿနာတစ်စုံတစ်ရာမရှိဘဲ အလုပ်လုပ်သွားတော့သည်။

ရွှယ်ယောင်ယောင်သည် သူမ၏ရှေ့က စခရင်ကို ကြည့်လိုက်ပြီး မင်းသားလေးကျို့က သူမကို သတိထားမိသွားသည်ကို အံ့ဩနေမိလေသည်။

လူငယ်လေးသည် မတ်မတ်ထိုင်လိုက်ပြီး သူမ၏ နားကြပ်ကို တပ်ကာ ပြောလာ၏။

“ တစ်ခုခုဆိုရင် ငါ့ကို ပြောနော်”

ရွှယ်ယောင်ယောင်သည် ‘အွန်း’ ဟုပြောလိုက်ပြီး တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သည်။

ဒီနေရာက နင့်ရဲ့ ကိုယ်ပိုင် ခွန်အားကို တိုးတက်စေမဲ့ တကယ့် နေရာကောင်းတစ်ခုပဲ။

ရွှယ်ယောင်ယောင်တွင်လည်း သူမ၏ကိုယ်ပိုင် အတွေးများရှိနေ၏။

မင်းသားလေးကျို့က သူမ၏ချို့ယွင်းချက်များကို ကာကွယ်ပေးခဲ့သည့်အတွက် အပြည့်အဝ အသိအမှတ်ပြုမိသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now