အပိုင်း (၃၄၂) ချင်မော့၏သံသယ

544 54 0
                                    

အပိုင်း (၃၄၂) ချင်မော့၏သံသယ

ဖူကျို့၏ခေါင်းသည် ချင်မော့၏ရင်ဘတ်ထဲတွင် မြုပ်နေ၏။

သူမနှာခေါင်းအနီးရှိ ရနံ့သည် ချက်ချင်းဆိုသလို ပို၍ မွှေးပျံ့လာလေသည်။

တိုကျိုထရော်လီဘတ်စ်သည် အတော်သန့်ရှင်းသော်လည်း လူအများကြီးလိုက်ပါလာရာ အနံ့မှာ အတန်ငယ်ဆိုးနေသေးသည်။

သို့သော် ယခု မဖြစ်တော့ပေ။

ဖူကျို့သည် သူမ၏နှာခေါင်းကို ပွတ်လိုက်ပြီး သူမ၏ခေါင်းကို အရင်ဆုံး မော့ထားလိုက်လေသည်။

သူမ မော့ကြည့်လိုက်သည်နှင့်တစ်ပြိုက်နက် သူမနှင့် ကြီးမြတ်လှသည့်သခင်လေးတို့၏ ကိုယ်အနေအထားသည် သူမကို အနမ်းတစ်ခု တောင်းဆိုနေသည့်အနေအထားဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။

တကယ်တော့....

ဒီအတွေးဝင်လာတဲ့ငါလေးကို အပြစ်ပြောလို့တော့ မရဘူးနော်။

အခုတလော ကြီးမြတ်လှတဲ့သခင်လေးက ငါလေးကို အီစီကလီပြန်ရိုက်တာ များနေပြီ။

ချင်မော့သည် ကောင်လေး၏အတွေးကို ကြားခဲ့လျှင် သူသည် အေးတိအေးစက်ရယ်ကာ ‘အချိန်တိုင်း အီစီကလီရိုက်နေတာ ဘယ်သူလဲ’ဟု သူမကို မေးပေလိမ့်မည်။

ရှေ့တွင်ရော နောက်တွင်ပါ လူများရှိနေ၏။ ချင်မော့တစ်ယောက်သာလျှင် သီးခြားဖြစ်နေဟန် ပေါ်လေသည်။

ဖူကျို့သည် နောက်ဆုတ်ပေးဖို့ကို သည်အတိုင်း လက်လျှော့လိုက်၏။ သူမ၏ခေါင်းကို ချင်မော့၏ ရင်ဘတ်နှင့် ဖိထားပြီး အတန် စိတ်ဝင်စားစရာကောင်းသည်ကို သိလိုက်ရကာ သူ့ရင်ဘတ်ကို ငွေရောင်ဆံပင် ဖုံးအုပ်ထားသည့် ပွယောင်းယောင်းခေါင်းနှင့် တိုက်နေလိုက်တော့သည်။

ဤသို့သော ပတ်ဝန်းကျင်မျိုးတွင် ကြီးမြတ်လှသည့်သခင်လေးသည် သူမကို ဘာမှလုပ်နိုင်မည် မဟုတ်ချေ။

အမှန်ပင် ချင်မော့သည် ထိုအရာနှင့်ပတ်သက်ပြီး ဘာမျှမလုပ်နိုင်ပေ။ သူ့လက်တစ်ဖက်သည် ကောင်လေးကျောကို ကိုင်ကာ သူနှင့်ကပ်နေအောင် ဖက်ထားပြီး ကျန်တစ်ဖက်မှာ ကိုယ်ဟန်ထိန်းရန် ထရော်လီတန်းကို ကိုင်းထား၏။ သူ့မျက်နှာသည် အင်မတန်လှပနေပြီး သူစိမ်းလူများကို ကပ်မလာရန် သတိပေးနေလေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now