အပိုင်း (၃၀၅) ကြီးမြတ်လှသည့်သခင်လေးချင်၏သည်းခံနိုင်စွမ်း
“မလှုပ်ရတော့ နေရတာ အဆင်မပြေဘူး”
ဖူကျို့သည်သက်ပြင်းချလိုက်သော်လည်း ကြီးမြတ်လှသည့်သခင်လေးကို မဆန့်ကျင်နိုင်ပေ။
ချင်မော့သည် ကောင်လေး၏စကားကို နားမထောင်ဘဲ သူမ၏ညာဖက်မျက်လုံးထဲသို့ ဒုတိယဆေးရည်စက်ကို ညစ်ထည့်လိုက်သည်။
ဖူကျို့သည် မလှုပ်ချေ။ စပ်ဖျဥ်းဖျဥ်း ခံစားလိုက်သည်။
“ နာရင် ဆေးအာနိသင်ပြတာပဲ”
ချင်မော့သည် ကောင်လေး၏ခေါင်းကို သပ်လိုက်ကာ ပြောလိုက်သည်။
ဖူကျို့သည် သဘောတူသည့်ဟန် အသံတစ်ခုပြုလိုက်သည်။ သူမသည် ကြီးမြတ်လှသည့်သခင်လေးကို ခက်ခဲအောင်မလုပ်ချင်ပါ။ အကြောင်းမှာ သူသည် လူများကို ကောင်းကောင်း မနှစ်သိမ့်တတ်သည်ကို သိထားပြီး ဖြစ်သောကြောင့်ပင်။
အမှန်တွင် ချင်မော့သည် ကောင်လေး ဤကဲ့သို့ဖြစ်နေသည်ကို မမြင်လိုချေ။
သူသည် ကောင်လေး၏မျက်လုံးအတွက် ကောင်းစေမည့် အစားအစာများကို တိတ်တဆိတ် ပြင်ဆင်ထားပေးခဲ့သည်။
သို့မှသာ ဤကဲ့သို့ညိုးငယ်နေပုံကို ထပ်မတွေ့ရတော့မည် ဖြစ်သည်။
တတိယဆေးရည်စက်မှာ ဘယ်ဖက်မျက်လုံးအတွက်ဖြစ်သည်။
သူမ၏ဘယ်ဖက်မျက်လုံးအခြေအနေသည် သိပ်မပြင်းထန်သောကြောင့် ဆေးတစ်စက်နှင့် လုံလောက်လေသည်။
ထိုနောက် ဆေးလိမ်းရမည့်အချိန် ရောက်လာသည်။ သည်ဆေးကို တိုကျိုတွင် ရနိုင်သည်က အထူးအဆန်းတစ်ခုပင်။
သူမ၏မျက်လုံးများသည် သူက မျက်လုံးလိမ်းဆေးလိမ်းပေးလိုက်သည်နှင့် လုံးဝဖုံးထားရပေလိမ့်မည်။
ဆေးသည် အလွန်စေးကပ်လွန်းသည်။
ဖူကျို့သည် သူမ၏မျက်လုံးများကို ဖွင့်ကာ အလင်းရောင်ကို ကြည့်လိုသည်။
“အနားပေးထားပြီး မျက်လုံးတွေကို မှိတ်ထားလိုက်”
ချင်မော့၏အသံသည် ပုံမှန်အတိုင်းဖြစ်နေပြီး သူ့လက်ချာင်းများသည် ဖူကျို့ သက်သာလာစေရန် သူမ၏မျက်လုံးများကို နှိပ်နှယ်ပေးနေသည်။
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်