အပိုင်း ( ၃၇၄) နှစ်ဦးကြားဆက်ဆံရေးက သကြားလုံးလေးလိုချိုမြိန်တယ်
အသားကင်ဆိုင်နေရာသည် ကျန်းမြို့၏ လမ်းကြားများတွင်ရှိပြီး ဖူအိမ်တော်နှင့် မဝေးလှပေ။
ညဥ့်နက်သည့် ဆောင်းညဖြစ်ရာ အမှန်အတိုင်းပြောရလျှင် လူအနည်းစုသာ လမ်းဘေးအသားကင်ကို စားကြပြီး သူတို့သည် ခန္ဓာကိုယ်ကို နွေးထွေးအောင် လုပ်ပေးနိုင်သည့် ဟော့ပေါ့ကို ပိုကြိုက်ကြလေသည်။
သို့သော် အစားအသောက်ကို နှစ်သက်ကြသည့် လူများရှိသည့်နေရာတွင် သူတို့၏လိုအပ်ချက်ကို ဖြည့်ဆီးပေးမည့် စားသောက်ဆိုင်များ ရှိကြ၏။
အပြင်ဘက်တွင် အေးခဲနေပြီး အထဲဘက်တွင် အသားကင်ထိုင်စားရသည်ကလည်း ထိုနည်းတူပင်။
မြောက်ပိုင်းတွင် အတွင်းပိုင်း၌ အမြဲနွေးနေပြီး အထူးသဖြင့် ဤသို့သော ဆိုင်ငယ်လေးတွင် ကျန်းမြို့မှ ဒေသခံလူများသာ မြင်ဖူးကြသည့် ရှေးခေတ်စတိုင် ဗိုက်ဖောင်းမီးဖိုရှိလေသည်။
ဖူကျို့သည် စကိတ်ဘုတ်ကို နံရံတွင် ထောင်ထားလိုက်၏။
ချင်မော့က မျက်ခုံးများကို ပင့်လိုက်ပြီး
“ ဒါလား”
ဖူကျို့က ပြုံးကာ
“ အသွင်ပြင်ကို ကြည့်ပြီး ဘယ်တော့မှ မဆုံးဖြတ်နဲ့၊ ဒီနေရာရဲ့ အသားအရည်အသွေးက တကယ်ကောင်းတာနော်၊ သိုးသားစစ်စစ်”
ယနေ့ခေတ်တွင် နေရာတိုင်း၌ ပစ္စည်းတုများ မရေမတွက်နိုင်အောင်ရှိသည်ကို လူတိုင်း သိပေသည်။
သို့သော် သည်ဆိုင်ကတော့ဖြင့် ခြားနားပေသည်။ ပိုင်ရှင်များမှာ အသက်အရွယ်ကြီးရင့်ပြီဖြစ်သည့် စုံတွဲတစ်တွဲဖြစ်ပြီး သူတို့သည် မွေးရပ်မြေအရသာစစ်စစ်ပုံစံအတိုင်း ချက်ပြုတ်ပေးလေသည်။
“အေးလိုက်တာ အေးလိုက်တာ”
ဖူကျို့သည် တံခါးကို တွန်းဖွင့်ကာ ဝင်သွားရာ နောက်ဆုံးတွင်တော့ အထက်တန်းကျောင်းသား တစ်ယောက်အသွင်ကို မြင်ရတော့သည်။
ချင်မော့သည် သူ့နောက်ကလိုက်ဝင်သွားပြီး အနည်းငယ် အနေခက်ဟန် ဖြစ်နေလေသည်။
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်