အပိုင်း (၃၂၁) ကြောက်နေသေးတယ်
မျှော်လင့်မထားဘဲ ကြီးမြတ်လှသည့်သခင်လေးသည် သူမကို ထောင့်တစ်နေရာသို့ ခေါ်သွားကာ ပြန်လှည့်ကြည့်လေသည်။ ပျော့ပြောင်းသော အသံတစ်ခုနှင့် သူမေးလိုက်သည်။
“ မင်း ကြောက်နေသေးလား”
ဟင်
ကြောက်ရမယ်တဲ့လား။
ဖူကျို့သည် ထိုခဏတွင် ပြန်မဖြေမိချေ။
သို့သော် သူမသည် သူမ၏အခုလေးကတင် ဖြစ်သွားသော နုံအသည့်အမူအရာလေးကို သတိထားမိသွားလေသည်။
ထို့နောက် ကြီးမြတ်လှသည့်သခင်လေး၏ စကားနောက်ကို လိုက်၍ သူမသည် ချက်ချင်း ပြန်ဖြေလိုက်သည်။
“ အဲလူကို ကန်လိုက်တာက ဘာမှအရေးမကြီးပါဘူး၊ ဒါပေမဲ့ အခုလေးတင် သွေးတွေအများကြီးကို မြင်လိုက်ရတော့ ရုတ်တရက် မူးနောက်နောက်ဖြစ်သွားတယ်”
ချင်မော့သည် လမ်းလျှောက်နေရာမှ ရပ်လိုကပြီး သူ့ခေါင်းကို သူမရှိရာဖက်သို့ လှည့်လိုက်လေသည်။
လူနှစ်ယောက်၏အကွာအဝေးသည် အလွန်နီးကပ်နေသဖြင့် ကြီးမြတ်လှသည့် သခင်လေး၏ ရှူထုတ်လိုက်သည့်လေသည် သူမ၏ပါးပြင်ကို လာထိနေသယောင်။
ထိုအချိန်တွင် ဖူကျို့သည် သူမ၏အလိမ်အညာများကို သူမြင်သွားလောက်သည်ဟု တွေးနေလေသည်။
သို့သော် ထိုလူသည် သူ့လက်ကိုမြောက်ကာ သူမပါးပြင်ကို ပုံမှန်အတိုင်း ဘာမှမဖြစ်ဟန်ဖြင့် သုတ်ပေးလိုက်ပြီး အစ်ကိုကြီးတစ်ယောက်ပမာ အကြံပေးစကား ပြောလိုက်လေသည်။
“ ဒါဆိုလဲ သွေးတွေကိုမကြည့်နဲ့၊ အဲဒါက မျက်စဥ်းဆေးရည် အလကားဖြစ်တာပဲ အဖတ်တင်တယ်”
ဖူကျို့: “... ဒီလောဂျစ်က မှန်ရောမှန်ရဲ့လား...”
သို့သော်ငြား ကြီးမြတ်လှသည့်သခင်လေး ဘာကိုပဲပြောနေပါစေ ဖူကျို့သည့် ထိုမူးနောက်နောက်အမူအရာဖြင့် ထိုဖြစ်ရပ်များကို ကံအားလျော်စွာ ပြန်မှတ်မိသွားသည့်အကြောင်းကို စဥ်းစားနေမိသည်။
သို့မဟုတ်ပါက ကြီးမြတ်လှသည့်သခင်လေး၏ဖြတ်ထိုးဉာဏ်နှင့်ဆိုလျှင် သူသည် သူမကို ကွဲပြားစွာ ဆက်ဆံပေလိမ့်မည်။
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်