အပိုင်း (၂၁၆) ပထမအကျော့တွင် အရှက်ခွဲခြင်း

736 82 0
                                    

အပိုင်း (၂၁၆) ပထမအကျော့တွင် အရှက်ခွဲခြင်း

လူများသည် လည်ပင်းရှည်လောက်အောင် စောင့်နေကြလေသည်။ သူတို့၏မျက်လုံးများက ဖန်သားပြင်ပေါ်က ID နာမည်နှင့် သက်ဆိုင်ရာပြိုင်ပွဲဝင်ကို မျက်လုံးနှင့်မခွာ ကြည့်နေကြလေသည်။

ထိုရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာသည် စကားလုံးနှင့်ပင်ဖော်ပြလို့မရန်ိုင်ပေ။ အင်တာနက်ဆိုင်တွင် စောင့်နေကြသော သူများအားလုံးသည် သူတို့ နတ်ဘုရားများ၏ လက်တွေ့ဘဝပုံစံကို တွေ့ရတော့မည် ဖြစ်၍ လက်ထဲရှိ ကိုကာကိုလာဘူးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြလေသည်။

ဒါပေမဲ့ အဲဒီအရေးအကြီးဆုံးအပိုင်းက

<Spade Z> က ဒီပြိုင်ပွဲဝင်ထဲမှာ ရှိနိုင်ခြေများတယ်လေ။

ထိုင်ခုံအားလုံး ရောင်းထွက်သွားတော့တယ်။ အကြီးမားဆုံးအကြောင်းပြချက်က Spade Zဖန်တွေ အရမ်းများတာကြောင့်လေ။ သူတို့အားလုံး Spade Z ပေါ်ထွက်လာတာကို စောင့်နေကြတာပေါ့။

ဖူမိသားစုက ဖိတ်ထားသည့် သတင်းထောက်မီဒီယာများကတော့ ဖူရှီမင်ကိုသာ အာရုံစိုက်ထားကြသည်။

ချင်ကော်ပိုရေးရှင်းအသင်း၏ မန်နေဂျာဖုန်းပင်လျှင် တချို့ နိုင်ငံအဆင့်ကစားသမားတွေကိုသာ အာရုံစိုက်ထားသည်။ ထိုနေရာတွင် လူများစွာရှိနေသောကြောင့် သူသည် ဖုန်းရှန်ကို မမှတ်မိလိုက်ပေ။

ဖုန်းရီသည် သူ့တစ်အိမ်ထဲနေညီလေးက နိုင်ငံအဆင့်ဂိမ်းပြိုင်ပွဲတွင် ပါဝင်လိမ့်မယ်ဟု သူဘယ်တုန်းကမှ မထင်ခဲ့ခြင်းကြောင့် လဲပါသည်။

အရင်ကဆိုလျှင် ဖုန်းရီက သူ့ကို ဒီနေရာကို ခေါ်လာချင်ခဲ့ဖူးသည်။ ဖုန်းရှန်သည် ဘယ်တော့မှ သူနှင့်မလိုက်ချေ။ အိမ်ကနေပြီး တိုက်ရိုက်ထုတ်လွှင့်တာကိုပဲ သူကြည့်သည်။

တနည်းအားဖြင့် ဟယ်ဟုန်ဟွာနှင့် ချန်ရှောင်တုံးကလွဲလျှင် ဘယ်သူမှ <ဟယ်မိသားစုကောပ့်>ကို မမြင်ကြချေ။

မဟုတ်ဘူး

တစ်ယောက်တော့ရှိတယ်။

သူသည် အားလုံး၏အပေါ်ဘက် ပြိုင်ပွဲနယ်မြေတစ်ခုလုံး၏အပေါ်ဆုံးနေရာတွင် ရပ်နေလေသည်။ သူသည် မဟူရာကဲ့သို့ နက်မှောင်သောအရောင်ရှိသည့် ဝတ်စုံကို အတွင်းဘက်တွင် အဖြူရောင် ရှပ်အင်္ကျီနှင့် တွဲဝတ်ထားသည်။ သူ့မျက်လုံးအစုံ တို့သည် သူ့ခြေထောက် အောက်ဘက်ကိုကြည့်နေပြီး သူ့မျက်နှာသည် ခါတိုင်းလို အေးစက်စက်ဖြစ်နေသော်လည်း ချောမော ကာကျက်သရေ ရှိနေတာ့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now