အပိုင်း (၃၀၆) ကြီးမြတ်လှတဲ့သခင်လေးချင်က ချစ်ခြင်းတွေနဲ့ ပြည့်လို့တဲ့
“လူတွေအများကြီးနဲ့ တွေ့ကြုံပြီးတဲ့နောက်မှာ မင်းက သူတို့ကို သဘောမကျရင်တောင် သူတို့ကို ကျေးဇူးတင်တတ်ဖို့ သင်ယူရမယ်...”
“ ငါဟာ နှုတ်ဆိတ်နေတတ်သူပါ၊ ငါဟာ မင်းရဲ့ကမ္ဘာကြီးမဖြစ်ချင်ပါဘူး၊ ငါဟာ မင်းရဲ့ပခုံးလေးပဲ ဖြစ်ချင်တာပါ...”
ထိုနှလုံးသားကို နွေးထွေးစေသောစာသားသည် ဖူကျို့၏နှလုံးသားကို ပျော့ပြောင်းသွားစေပြီး သူမကို ပေါ့ပါးသွားစေတော့သည်။
ကြီးမြတ်လှတဲ့သခင်လေးက တကယ်အံ့ဩစရာကောင်းတာလေ၊ ဒါကြောင့် သူမက သူနဲ့အတူရှိတဲ့အချိန်တိုင်း အမြဲသတိကြီးကြီးနဲ့ နေနေရတောပေါ့။
သူနဲ့ရင်ဆိုင်ရတာက သူမနေချင်သလိုနေပြီး ဂရုစိုက်စရာမလိုတဲ့ ဖုန်းလေးနဲ့ ရွှယ်ယောင်ယောင်တို့ကို ဆက်ဆံရတာနဲ့မတူလေဘူး။
ကြီးမြတ်လှတဲ့သခင်လေးကလည်း ဒါကို ခံစားမိမှာပဲ။ ဒါကြောင့် သူက သူမငြင်းတာခံလိုက်ရတော့ သူ့ခန္ဓာကိုယ်အပြုအမူနဲ့ မျက်နှာထားက ဒီလိုဖြစ်သွားတာ။
အမှန်တော့ ကြီးမြတ်လှတဲ့သခင်လေးက သူမကို အချိန်တိုင်း ကာကွယ်ပေးနေတာပါပဲ။
သူဒီလိုလုပ်တာက သူမကို တစ်ချိန်လုံး ယောကျ်ားလေးတစ်ယောက်လို့ ထင်ပြီး သူမကို သူ့ညီလေးလို့ မှတ်ယူထားလို့ ဆိုပေမဲ့လဲပေါ့။
ဒါပေမဲ့ သူမကတော့ ဒီလို ကာကွယ်ပေးခံရတဲ့ခံစားချက်ကို မခံစားရတာ နှစ်တွေတော်တော်ကြာနေပြီလေ။
ဒီကမ္ဘာပေါ်က လူဘယ်နှစ်ယောက်က သူမကို ဒီလို ဆက်ဆံဖူးလို့လဲ။
မရှိသလောက်ပဲ။ လုံးဝကို မရှိသလောက်ပါပဲ။
အရေးအကြီးဆုံးက ကြီးမြတ်လှတဲ့သခင်လေးက သူမကို အမြဲစောင့်ရှောက်နေပြီး သံသယလဲ မဝင်ခဲ့လေဘူး။
ဒါကပဲ ဖူကျို့ကို ပျော်ရွှင်စေတာ။
ဒီအခြေအနေက သူမအတွက် ကောင်းတာလားဆိုတာ သေချာတော့ မသိလေဘူး။
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်