အပိုင်း (၂၃၉) ဒါက အစပဲရှိသေးတယ်

773 90 0
                                    

အပိုင်း (၂၃၉) ဒါက အစပဲရှိသေးတယ်

<Supreme>အသင်းမှလူများအားလုံးသည် သာမန်လူများထက်စာလျှင် ထူးခြားသောဖြစ်တည်မှုများ ရှိကြလေသည်။

သူတို့အသင်းတွင် ပါဝင်နိုင်ခြင်းနှင့် ဂိမ်းဇာတ်ကောင်များကို ကိုင်တွယ်ရန် ချင်ကော်ပိုရေးရှင်းတွက် နေရာရခြင်းသည် လူတိုင်းအတွက် ကြီးမားသောအံ့ဩမှုများပင် ဖြစ်သည်။

သူတို့လေးယောက်ထဲတွင် ရွှယ်ယောင်ယောင် မိသားစု၏နောက်ခံသည် အနိမ့်ဆုံးဖြစ်လေသည်။

မင်းသားလေးကျို့ကို ဘယ်သောခါမျှ ထုတ်မပြောခဲ့ဖူးသော အချို့အကြောင်းအရာများရှိနေသေးသည်။

သူမ၏မိသားစုသည် သူမကို ဘယ်တော့မှ ဂိမ်းကစားခွင့်မပြုခဲ့ချေ။

အထူးသဖြင့် ရွှယ်ယောင်ယောင်မိသားစုကဲ့သို့သော သူများသည် ဤကဲ့သို့ စွန့်ဦးအသက်မွေးဝမ်းကြောင်းကို မည်သို့မျှ လက်ခံနိုင်မည်မဟုတ်ပေ။ သူမသည် အထက်တန်းကျောင်းသူတစ်ဦးဖြစ်နေသေးသည်ကလဲ အဓိကအကြောင်းအရင်းတစ်ခု ဖြစ်နေလေသည်။

ဂိမ်းကစားခြင်းသည် ပညာရေးကို ထိခိုက်လိမ့်မည်။ အမှန်တွင် သူမသည် မင်းသားလေးကျို့နှင့်အတူ ထွက်လာသည့်အချိန်တိုင်း မလိုမုန်းထားသည့် ဝေဖန်ချက်အမျိုးမျိုးနှင့် ရင်ဆိုင်ရလေ့ရှိသည်။

ထိုဝေဖန်ချက်အများစုမှာ သူမ၏ဆွေမျိုးသားချင်းများဆီမှ ဖြစ်သည်။ သူတို့သည် ဂရုစိုက်၍ ပြောလိုက်သည်ဖြစ်စေ သရော်လိုသောစိတ်ဖြင့် ပြောလိုက်သည်ဖြစ်စေ ထိုစကားတခွန်းသည် အမြဲလိုလို ပါလာတတ်သည်။

“ ဒီလို မကောင်းတဲ့မိသားစုအခြေအနေနဲ့ဆိုရင် သူမကို ကောလိပ် ဆက်တက်ခိုင်းလို့ကော ဘာထူးမှာလဲ၊ ကျောင်းထွက်ပြီး မိသားစုတာဝန်တချို့ကိုပဲ တာဝန်ယူခိုင်းလိုက်ပါတော့လား၊ သူမအခုလိုပုံစံနဲ့ ဟိုသွားဒီသွားဆိုရင် ငါတို့ပိုက်ဆံတွေ အကုန်သုံးပစ်ကုန်လိမ့်မယ်”

အချို့ဆိုလျှင် သူမ မိခင်ကိုပင် ဤသို့ပြောကြလေသည်။

“ မိန်းကလေးတစ်ယောက်က ဘယ်လိုများ ဂိမ်းကစားနိုင်ရတာလဲ၊ အွန်လိုင်းပေါ်က တွေ့ကရာလူနဲ့ပေါင်းနေရင် သူမသိက္ခာ ကျနေအုံးမယ်နော်”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now