အပိုင်း (၂၅၁) ကြီးမြတ်သောသခင်လေးချင်က ဖူကျို့ကို စမ်းသပ်နေတယ်

806 84 1
                                    

အပိုင်း (၂၅၁) ကြီးမြတ်သောသခင်လေးချင်က ဖူကျို့ကို စမ်းသပ်နေတယ်

ချင်မော့၏ အေးမြ တိုးညင်းသောအသံသည် ဘေးဘက်မှ လွင့်မျောလာလေသည်။

ဖူကျို့သည် ပြုံးကာ မော့ကြည့်လိုက်သည်။

“ ဘာလို့ အဲလိုတွေးတာလဲ”

“ဒီလမ်းတစ်ခုလုံးက အရမ်းလှတဲ့ မြင်းကွင်းဖြစ်နေတယ်၊ အဆောက်အဦ အမြင့်ကြီးတစ်လုံးကို မျက်နှာမူထားပြီး လမ်းဆုံမှာလဲ ဖြစ်နေတယ်၊ ပြီးတော့ တော်တော် ပြောင်ရှင်းနေတယ်လေ၊ အဆောက်အဦတွေက မြင်ကွင်းကို ကွယ်မနေဘူး၊ ဒီနေရာမှာ ထိုင်ပြီး လားရာ သုံးခုစလုံးကို လေ့လာနိုင်ပြီး မင်းရဲ့မျက်လုံးထဲမှာ အားလုံးကို မှတ်ထားလို့ရတယ်၊ လူအုပ်ထဲမှာ ရောနေရတာကြိုက်တဲ့ ဉာဏ်ကောင်းတဲ့ရာဇဝတ်ကောင် တစ်ယောက်က မင်းအခုလို လုပ်သလိုမျိုး သူလဲ လျှို့လျှို့ဝှက်ဝှက်နဲ့ လောကကြီးကို လေ့လာနေတာလေ၊ ဒါမှ ဘယ်သူမှ သတိမထားမိဘဲ သူ့အလုပ်ကိုလုပ်နိုင်ပြီး ရဲတွေ လိုက်စုံစမ်းနေတဲ့ကြားက သူထွက်ပြေးနိုင်မှာပေါ့”

ချင်မော့ပုံစံမှာ ပြောင်းလဲသွားခြင်းမရှိချေ။ သူ့လက်ရှိ အသွင်အပြင်ကို ကြည့်ခြင်းအားဖြင့် သူသည် ထိုအရာများကို လေးလေးနက်နက် ပြောဆိုနေသည်ဟု လူအများက ထင်ကြလိမ့်မည် မဟုတ်ချေ။ သူ့ပုံမှာ ထိုခေါင်းစဥ်ကို သာမန်ကာ လျှံကာ ပြောနေသည်နှင့် တူနေလေသည်။

ဖူကျို့သည် သူမ၏ ခေါက်ဆွဲပန်းကန်မှ တက်လာသော အငွေ့ကို စိုက်ကြည့်နေလေသည်။ ခေါက်ဆွဲကို ပါးစပ်ထဲသို့ မထည့်မီ အနည်းငယ်အပေါ်သို့ မ,ကာ ခေါက်ဆွဲများ ကပ်ပါလာအောင် လုပ်လိုက်သည်။ သူမသည် အပြစ်ကင်းသော ကောင်လေးတစ်ယောက် ကဲ့သို့ ပြုလိုက်ပြီး ပြုံးကာ ပြောလိုက်လေသည်။

“ အစ်ကိုမော့က ရုပ်ရှင်တွေ အရမ်းကြည့်ပုံရတယ်၊ လက်တွေ့ဘဝက ရာဇဝတ်ကောင်တွေက အဲလောက် ဉာဏ်မပြေး ကြပါဘူးနော်”

“ဖျော်ဖြေရေးလောကက ဇာတ်လမ်းတွေအားလုံးက လက်တွေ့ဘဝကပဲ လာတာလေ”

ချင်မော့သည် ဖူကျို့ကို သူ့မျက်လုံးနက်များနှင့် ကြည့်လိုက်လေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now