အပိုင်း(၂၈၈) ကြီးမြတ်လှတဲ့သခင်လေးချင်ရဲ့မျက်လုံးထဲမှာ လူတစ်ယောက်ပဲရှိတယ်
ဖူကျို့သည် ချင်မော့နှင့် မျက်နှာချင်းဆိုင်အကွာအဝေးရောက်သည်အထိ လျှောက်သွားလိုက်ပြီး သူမ၏မျက်နှာတွင် တောက်ပသည့်အပြုံးတစ်ခုကို ဆောင်ထားသည်။
“ အသင်းသားအသစ်အနေနဲ့ အစ်ကိုမော့ကို မျက်နှာပျက်အောင် မလုပ်မိဘူးမလား ၊ ဟုတ်တယ်ဟုတ်”
ချင်မော့သည်လည်း ပြုံးပြလိုက်ပြီး ကောင်လေးကို ကော်လံမှနေ၍ ဆွဲသွားလေသည်။
“အီစီကလီနေတာတွေ ရပ်တော့၊ လက်အမြန်နှုန်းထက်ပိုတဲ့ လေ့ကျင့်ရေးတွေ လုပ်ဖို့လိုသေးတယ်”
ချင်မော့သည် ပြောလိုက်ရင်း ထိုကာလီမိန်းကလေးနှစ်ယောက်ကို ကြည့်လိုက်သည်။
“ သူတို့ရဲ့ အပေါစားလေ့ကျင့်ရေးတွေအတွက် မင်း သူတို့ကို ကျေးဇူးတင်သင့်တယ်နော်”
အပေါစားတဲ့လား။
ကြီးမြတ်လှတဲ့သခင်လေးချင်က ‘ကစားသမားတွေ’လို့ ပြောလိုက်တာလား။
လင်ရှောင်ထုန်၏ နားလည်နိုင်စွမ်းသည် တော်တော်နိမ့်သော်လည်း အဖြစ်အပျက်အားလုံးကို ပေါင်းကြည့်လိုက်သောအခါ သဘောပေါက်သွားတော့သည်။
ကြီးမြတ်လှတဲ့သခင်လေးချင်က အားလုံးကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာပဲ။
အစကနေ အဆုံးအထိ....
“’သင်ကြားပေးလို့ ကျေးဇူးနော်’လို့ ငါလေး မပြောလိုက်ဘူးလား ၊ ဒါပေမဲ့...”
ဖူကျို့သည် သူမ၏လက်ကို ချိတ်လိုက်၏။
“ငါလေးအခုတော့ ဓားလွှဲတာနဲ့ပတ်သက်ပြီး နည်းနည်း နောင်တရသွားသလိုပဲ၊ သူမရဲ့ သွေးတွေကို ဒီထက်ပိုပြီး ဖြည်းဖြည်းလေးနဲ့ လျော့အောင် လိုက်သင့်တာ အစ်ကိုမော့လိုမျိုးလေ၊ နောက်ဆုံး လိုက်ဖ်မှာတုန်းက အဲဒီလူကို လုပ်ခဲ့သလိုမျိုး၊ တခြားလူရဲ့သွေးကို နည်းနည်းချင်းစီ ကျအောင်လုပ်တာကလဲ နည်းပညာစကေးအများကြီးလိုသေးတယ်ထင်ပါ့၊ အင်းလေ အစ်ကိုမော့နဲ့ ယှဥ်လိုက်ရင်တော့ ငါလေးရဲ့ လူသတ်ချင်စိတ်က အရမ်းပြင်းထန်တာပဲဖြစ်ရမယ်”
BINABASA MO ANG
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်