အပိုင်း (၃၀၉) တိုကျိုနိုက်ကလက်အချိန်

601 56 1
                                    

အပိုင်း (၃၀၉) တိုကျိုနိုက်ကလက်အချိန်

ချင်မော့ဘေးမှ လျှောက်နေသော မိန်းကလေးသည် ရှက်နေလေသည်။ ကြိုးစားမှုများ ဤကဲ့သို့ အဆုံးသတ်သွားမည်ကို သူမ မသိခဲ့ချေ။

နောက်ဆုံးတွင် ထိုယောကျ်ားသည် သူမကို လုံးဝစိတ်မဝင်စားချေ။

ထိုအခိုက်အတန့်တွင် သူသည် သူမကို ထွက်သွားရန်ပြောတော့မည်ဟု ထင်နေသည်။

သို့သော် ထိုသို့ဖြစ်မလာပါနှင့်ဟုသာ ဆုတောင်းနေလိုက်သည်။ အရာအားလုံးသည် သူမ၏စိတ်ထင်ယောင်ထင်မှား ဖြစ်ခြင်းသာ ဖြစ်တော့သည်။

သူမသည် ချစ်စရာကောင်းလေသည်။

ထိုမိန်းမလှလေးသည် သူမ၏ရုပ်ရည်အပေါ် အလွန် ယုံကြည်မှုရှိနေသည်။

ထိုသို့စဥ်းစားလိုက်ပြီး သူမသည် သူမဘေးရှိ ထိုယောကျ်ားကိုထပ်ကြည့်လိုက်လေသည်။

သူမဘက်မှကြည့်လျှင် ထိုယောကျ်ား၏မေးရိုးလိုင်းနှင့် အပြစ်အနာအဆာမဲ့သော နှုတ်ခမ်းပါးလေးကို သေချာမြင်ရသည်။

ထို ဆွဲဆောင်မှုရှိသောနှုတ်ခမ်းများ၏အရသာကို အလွန်လိုချင်နေမိသည်။

သူသည် ရှားပါးသတ္တဝါလေးတစ်ကောင်ကဲ့သို့ပင်။

အထူးသဖြင့် ထိုယောကျ်ား မော့ကြည့်လိုက်သောအခါ သူ့မိစ္ဆာဆန်ဆန် ဆွဲဆောင်မှုနှင့် ရူးလောက်အောင်ချောမောမှုများ ထုတ်လွှတ်နေသည့် လေထုပတ်ဝန်းကျင်က ဖော်မပြတတ်အောင် ဖြစ်စေသည်။

သူမ၏ခြေထောက်များသည် ထိုအကြောင်းကိုစဥ်းစားရင်း အားအင်ချိနဲ့လာတော့သည်။ သူမ ကံကောင်းသွားသည်။

ကလပ် အပြင်ဘက်နှင့်ယှဥ်လျှင် ဟိုတယ်ခန်းမသည် အတန်ငယ်ခမ်းနားသည်။

သို့သော် ပါတီပွဲနေရာများမှာ အားလုံးဆင်တူဖြစ်သည်။

သူတို့ကို ခမ်းနားကြီးကျယ်စွာ ပြင်ဆင်ထားပြီး အလွန် အထက်တန်းဆန်လွန်းလေသည်။

အလင်းရောင်များသည် မှိန်နေပြီး မျက်နှာကျက်ပေါ်တွင် ဒစ်စကိုမီးလုံးများကို ချိတ်ဆွဲထားသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now