အပိုင်း (၂၀၃) ကြီးမြတ်လှတဲ့သခင်လေးက ဖူကျို့ကို အတွင်းခံဝယ်ပေးဖို့ခေါ်သွားတယ်.......
“ ဒါက ထောင်ချောက်ပါလို့ ငါပြောသားပဲ”
“အဲအစ်ကိုကြီးက ငါ့အဖေထက်တောင် ပိုဆိုးသေးတယ်၊ သူက အဲအစ်ကိုချောချောလေးကို သကြားလုံး ဝယ်ပေးတာမဟုတ်ဘူး၊ ကြောက်ဖို့ကောင်းလိုက်တာ”
“ အဲအစ်ကိုချောချောလေးကတော့ သူ့ကလေးလေး ဖြစ်ရတာ အရမ်းသနားစရာကောင်းတာပဲ”
“ အမှန်ပဲ သနားစရာအစ်ကိုချောချောလေး”
ကလေးအားလုံး ခေါင်းညိတ် လိုက်ကြသည်။
အရောင်းစာရေးမလေးမှာ အားလုံးကို ကြားလိုက်သည်ဖြစ်ရာ ရှက်စိတ်ဖြင့် နှလုံးရောဂါ ရလုနီးပါး ဖြစ်သွားတော့သည်။
ဖူကျို့သည် သကြားလုံးများကို ယူလိုက်ပြီး လက်တစ်ဖက်ကို အားယူကာ ဆိုင်အတွင်းသို့ ခုန်ဝင်လိုက်လေသည်။ ထိုလက်ဟန်ခြေဟန်အမူအရာသည် အလွန်ချောမောနေတော့သည်။ သူမသည် ရှည်သွယ်သောခြေထောက်များဖြင့် ရပ်နေရင်း ကောင်မလေးများကို မျက်စိတဖက်မှိတ်ပြလိုက်ကာ ကိုယ်ကိုညွှတ်ပြီး ညင်သာစွာပြောလိုက်လေသည်။
“ ငါလေး နင်လေးတို့ကို လျှို့ဝှက်ချက်တစ်ခုပြောပြမယ် သိလား____ အဲဒီအစ်ကိုကြီးက မူးနေတာ၊ ငါလုပ်နေတာတွေက သူပျော်လာအောင်လို့လေ၊ ပြီးတော့ စကားမစပ် ငါလေးက သူ့ကလေးလေးလုပ်ဖို့ အရွယ်လွန်နေပါပြီဟယ်”
“သူ မူးနေတာ ဟုတ်လား”
ထိုကလေးငယ်များ၏ ခေါင်းများအားလုံး တဖန်စုဝေးသွားပြီး ကြီးမြတ်လှသောသခင်လေးချင်ကို လူသားမဟုတ်သလို ကြည့်နေကြတော့သည်။
ချင်မော့သည် သူ့မျက်ခုံးများကို ပင့်လိုက်လေသည်။ သူသည် ဖူကျို့စကားကို မကြားလိုက်သော်လဲ ထိုကောင်လေး တစ်ခုခု ဉာဏ်ဆင်နေသည်ကို သိလိုက်ပြီးဖြစ်ရာ “သူ့ကို” ဘယ်ဖက်လက်ဖြင့် ဆွဲသွားလိုက်သည်။
ထိုအရောင်းစာရေးမလေး၏ ပါးစပ်မှာ ထိုဖြစ်စဥ်တလျှောက်လုံး အဝိုင်းသား ဖြစ်နေတော့သည်။ သို့ရာတွင် သူမကို အံ့ဩရစေသည်မှာ ထိုငွေရောင်ဆံပင်နှင့် ကောင်လေး၏လှုပ်ရှားမှုများပင် ဖြစ်တော့သည်။
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်