အပိုင်း (၂၃၂) ကြီးမြတ်တဲ့ Spade ကြီးက ကြီးမြတ်လှတဲ့သခင်လေးချင်ကို လိုက်နေတာလား

900 111 3
                                    

အပိုင်း (၂၃၂) ကြီးမြတ်တဲ့ Spade ကြီးက ကြီးမြတ်လှတဲ့သခင်လေးချင်ကို လိုက်နေတာလား

ထိုအကြည့်များသည် တစ်စုံတစ်ယောက်ကို သတ်ပစ်ချင်သည့်ပုံကို ပြနေသယောင် ထင်ရသော်လည်း ထိုအကြည့်များကပင် နူးညံ့ကြင်နာမှုအနည်းငယ်နှင့် အလိုလိုက်ခြင်းများ ပြည့်နက်နေပုံဖြစ်ရာ ထိုအရာများအားလုံးကို ကင်မရာက ရိုက်ယူထား လိုက်သည်။

ပြင်ပတွင်ရှိနေသော ပရိသတ်များအပြင် တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် ကြည့်နေကြသော ချင်မော့၏ဖန်များလည်း ရှိနေသေးသည်။

သူတို့အားလုံးသည် ထိုအကြည့်တွင် လုံးဝနစ်မြောသွားကြလေသည်။

ဘယ်တုန်းကများ ကြီးမြတ်တဲ့သခင်လေးချင်က ဒီလိုပြုံးတတ်သွားတာလဲဟင်

သူ အရမ်းကို ချစ်ဖို့ကောင်းနေတာပဲ။

အင်တာနက်ကွန်ယက်သည် အရင်က တစ်ခါမှ နှေးသွားတာမရှိဖူးသော်လည်း ဒီနေ့မှာတော့ အမြင့်ဆုံးကို ရုတ်တရက် ထိုးတက်သွားတော့သည်။

ချင်မော့သည် သူ့နှုတ်ခမ်းများကို ပင့်ကာ ကောင်လေး၏ကော်လံကိုဆွဲမ,လိုက်ပြီး ကောင်လေးကို သူ့အနားဆွဲအကပ်တွင်..... ဖန်သားပြင်သည် ဝါးတားသွားတော့သည်။

ထိုအခိုက်တွင် ဝေဖန်ချက်အခန်းတွင် ပေါက်ကွဲနေကြတော့သည်။

“ ဘာဖြစ်တာလဲ”

“ အင်တာနက်လိုင်း ပြတ်သွားတာထင်တယ်”

“ လခွမ်း နည်းပညာရှင်တွေဘယ်ရောက်ကုန်တာလဲ၊ ဒီအင်တာနက်လိုင်းရဲ့တာဝန်ခံအင်ဂျင်နီယာတွေဘယ်မှာလဲ၊ နောက်ဆက်တွဲကို ကြည့်ချင်သေးတယ်ဟ၊ ကြီးမြတ်တဲ့သခင်လေးချင် အခုလေးတင်ဘာလုပ်လိုက်တာလဲဟင် သူဘာလုပ်နေတာတဲ့လဲ”

ချင်မော့ဘာလုပ်လိုက်တာလဲ။

ထိုနေရာတွင် ရှိသောသူများသာ သိပေလိမ့်မည်။

သူသည် ကောင်လေးကို လက်တစ်ဖက်ထဲဖြင့် ဆွဲလိုက်ပြီး အမူအရာ မပြောင်းလဲသော်လည်း စွဲမက်ဖွယ်အပြုံးနှင့် ပြောလိုက်လေသည်။

“ ငါ မင်းအကျင့်ကို နောက်ကျရင် ပြင်ပေးရလိမ့်မယ်”

ဖူကျို့သည် အပြစ်ကင်းသယောင် ခံစားလိုက်ရသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now