အပိုင်း (၂၉၉) ခွေးပေါက်လေးရဲ့အချစ်လို

709 66 2
                                    

အပိုင်း (၂၉၉) ခွေးပေါက်လေးရဲ့အချစ်လို

သူတို့စကားဝိုင်း မအောင်မြင်တော့ကောဘာဖြစ်လဲ။

သူတို့တွေ ဒီလောက်အထိ အပွင့်လင်းကြတာပဲလေ။

သူမက ရေးကို ထပ်စစ်ဆေးစရာမှမလိုတော့ဘဲ။

“သားရေ ချင်မိသားစုက အဲလောက် ရှေးရိုးမဆန်ဘူးကွာ၊ မင်း ဂိမ်း ကစားရတာ အရမ်းကြိုက်တယ် ပြီးတော့ အွန်လိုင်းပေါ်က တစ်ယောက်ယောက်နဲ့ တွေ့တယ် ဒါပုံမှန်ပဲလေ၊ သူမက ဘယ်လိုပုံလေးလဲ၊ အသက်ကရော၊ ဘယ်မိသားစုကလဲ၊ သူမက ငါတို့ မိသားစအသိုင်းအဝိုင်း မဟုတ်လဲရပါတယ်၊ မင်း ကြိုက်နေသ၍ပေါ့၊ ဒီတော့ တစ်ရက်လောက် သူမကို အိမ်ခေါ်မလာချင်ဘူးလား၊ မင်းအဖေနဲ့ အမ အချိန်မရွေးပြန်လာလို့ရတယ်ဟဲ့”

အလှမယ်လေးသည် ထိုသို့ပြောရင်း သူမဘေးတွင် မဂ္ဂဇင်းဖတ်နေသည့်လူကို ဆွဲထည့်လိုက်လေသည်။

“ဟုတ်တယ်မလား”

ထိုလူသည် စစ်ဝတ်စုံကို ဝတ်စုံပြည့်ဝတ်ထားပြီး အလွန်ခံ့ညားပေသည်။

“ အင်း ဟုတ်တယ် ပြန်လာနိုင်ပါတယ်”

သူ့နောက်တွင် အရေးပေါ်ထွက်ခွာခြင်းအတွက် အသင့်စောင့်ဆိုင်းနေသည့် ကိုယ်ရံတော်အရာရှိက : .....

ချင်မော့သည် လက်ထဲတွင် ဖုန်းကို ကိုင်ထားဆဲဖြစ်ပြီး သူ့မျက်လုံးအစုံသည် ကုတင်ပေါ်တွင် ဂိမ်းကစားနေသော လူငယ်လေးဆီက မခွာဖြစ်နေသည်။ သူသည် အနည်းငယ် သတိလွှတ်သွားသည်။

“ ကျွန်တော့်မှာ ရည်းစားမရှိဘူးလေ”

“ဘယ်လိုဖြစ်နိုင်မှာလဲ၊ သား မင်း အမေ့ကို အကုန်လုံးပြောပြလို့ရပါတယ်ကွယ်”

အလှမယ်လေးသည် သူမ၏မျက်လုံးများကို ကျဥ်းမြောင်းထားလိုက်၏။

“ငါက မင်းနဲ့ မင်းအဖေလောက် ဉာဏ်မကောင်းပေမဲ့ အစည်းအဝေးလုပ်နေတုန်း ဖုန်းဆော့နေတာက တစ်ခုခုရှိနေလို့ဆိုတဲ့ အခြေခံအသိလောက်တော့ရှိပါတယ်ဟယ်၊ ဒါက မင်းနဲ့ကိုမတူဘူး၊ အခု မင်း အသံမက်ဆေ့တောင်သုံးနေဆို၊ ဒါ လုံးဝ ရည်းစားရှိနေလို့ပါကွာ၊ မင်းးကလေ ရည်းစားဦးကိုခွက်ချ်နေတဲ့ ကောင်လေးလို လုပ်နေတာပဲ၊ အေးပေါ့လေ ရည်းစားလဲ တခါမှမထားဘူးတော့ ဒီလိုအခြေအနေကို ဘယ်လိုကောင်းကောင်း ကိုင်တွယ်ရမလဲ မသိတာနေမှာ၊ သားလိုက်ချင်တဲ့သူဘယ်သူပဲဖြစ်ဖြစ် အမေ သားကို အကြံဉာဏ်ပေးနိုင်တယ် ဟုတ်ပြီလား၊ ကဲ ပြောတော့”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now