အပိုင်း (၂၅၇) စစ်မှန်တဲ့ချစ်ခြင်းက အထောက်အပံ့ဖြစ်တယ်

706 63 0
                                    

အပိုင်း (၂၅၇) စစ်မှန်တဲ့ချစ်ခြင်းက အထောက်အပံ့ဖြစ်တယ်

တစ်ချိန်ချိန်တွင် သင်သည် ကြီးပြင်းလားသည်နှင့်အမျှ သင့်ငယ်ရွယ်ချိန်ကို ပိုသတိရလွမ်းဆွတ် နေတတ်သည်။

ဤစစ်မှန်သောချစ်ခြင်းနှင့် ဖန်လေးသည်လည်း သာမန်မိသားစုတွင် မွေးဖွားလာသောကြောင့် သူမသည် ထိုခါးသီးသည့် ခံစားချက်ကို ကောင်းကောင်းနားလည်လေသည်။

ငယ်ရွယ်စဥ်က သူမသည် ထက်မြက်သောလူတစ်ယောက် ဖြစ်ချင်ခဲ့သည်ဟု တစ်ခါက ကျိန်ဆိုခဲ့ဖူးလေသည်။

သို့သော် ကြီးပြင်းလာသောအခါ ဘဝဟူသည် ရှုပ်ထွေးမှုများနှင့် ပြည့်နက်နေသည်ကို သူမ နားလည်လာခဲ့သည်။

တစ်ခါက သူမသည် ရေဆိုးနှင့် ပက်ခံရဖူးပြီး နာကျင်ခံစားခဲ့ရသော်လည်း သူမ၏ဝမ်းနည်းမှုကို ထုတ်မပြောနိုင်ခဲ့ချေ။ ထိုဒဏ်ရာများကို သူမ အောင်မြင်လာသောအခါ ကုစားနိုင်လိမ့်မည်ဟု သူမ အမြဲယုံကြည်ခဲ့သည်။

အမှန်တွင် သူမသည် မူလက စောင့်စားနေခဲ့သော တရားမျှတမှုအကြောင်းကိုပင် တစ်ခါတရံ မေ့လျော့နေခဲ့လေသည်။

ထိုစကားကို ပြောခဲ့သော ထိုလူငယ်လေးသည် သူ့ဟာသူ ထင်ပေါ်ရန် တစ်စုံတစ်ယောက်နှင့် အတွဲဖြစ်လာအောင် လုပ်ချင်သည့် လူမျိူး လုံးဝမဖြစ်နိုင်ပေ။

သို့သော် ထိုအချက်က လူများကို နားလည်လာအောင် ဖိအားပေးနိုင် လိမ့်မည်မဟုတ်ချေ။

မနေ့က ဝေဖန်ချက်လှိုင်းလုံးများ ပေါ်ထွက်လာစဥ်က တစ်ခုခုတော့ဖြင့် ဆက်ဖြစ်တော့မည်ဟု သူမ သိလိုက်သည်။

Spade Z သည် လူသစ်တစ်ယောက် ဖြစ်သည်။

သည်အခြေအနေတွင် သူတို့သည် Spade Z ကို နားလည်မှုအမှန်အကန် ပေးနိုင်လိမ့်မည်မဟုတ်ပေ။ ဖန်များသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီးနောက်တွင် သူတို့သည် စိတ်ပျက်သွားပေလိမ့်မည်။

ဤသည်မှာ အဖြစ်အပျက်တစ်ခုလုံးကို အဆိုးရွားဆုံးဖြစ်သွားစေသည့် အခြေအနေပင် ဖြစ်တော့သည်။

သူမ၏အမြင်တွင် ဝေ့ပေါ်ပေါ်တွင် ပိုစ့်တင်ခဲ့သောသူသည် Spade Zကို လုံးဝမကြိုက်သည့်အပြင် သူသည် Spade Zကို အပုပ်ချနေတာ ဖြစ်လောက်သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now